မူးယစ်ဆေး စသုံးဖြစ်အောင် ဘယ်လို အကြောင်းအရာတွေက လှုံ့ဆော်ပေးတာပါလိမ့်။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 25, 2020 . 2 mins read
Share now

ဘာကြောင့် မူးယစ်ဆေးစွဲရတာလည်းလို့ မပြောခင် မူးယစ်ဆေးကို စသုံးဖြစ်စေတဲ့ အကြောင်းရင်းက ဘာကြောင့်များလဲဆိုတာကို အရင်သိဖို့ လိုအပ်ပါတယ်။ လူတိုင်းရဲ့ ဘဝပေးအခြေအနေတွေက မတူကြတဲ့အတွက် မူးယစ်ဆေးသုံးရတာ၊ ဆေးစွဲသွားတာတွေရဲ့ အရင်းခံ အကြောင်းအရင်းတွေကလည်း မတူကြပါဘူး။ ဒါကြောင့် မူးယစ်ဆေးကို စသုံးဖြစ်၊ စွဲသွားစေတဲ့ ထိပ်ဆုံး အကြောင်းအရင်း ၈ ချက်ကို ပြောပြပေးချင်ပါတယ်။ ။

၁။ စူးစမ်းကြတာ။ 

ဆယ်ကျော်သက် အရွယ်ရောက်လာပြီဆိုတာနဲ့ စူးစမ်းချင်စိတ်ရှိကြတာ လူငယ်တိုင်းပါ။ မကောင်းဘူး၊ မလုပ်ရဘူးလို့ ပြောလေ ပိုလုပ်ချင်လေ ပါပဲ။ မူးယစ်ဆေးဆိုတာကလည်း ငယ်ငယ်တည်းက မသုံးကောင်းဘူး၊ ဆေးစွဲသွားလိမ့်မယ်လို့ပြောကြတော့ ဘာများပါလိမ့်၊ တစ်ခါလောက်စမ်းကြည့်တာ ဘာမှတော့ မဖြစ်လောက်ပါဘူးဆိုပြီး လက်တည့် စမ်းရာကနေ ဆေးစွဲသွားကြတဲ့သူတွေ တစ်ပုံကြီးပါ။ ။

၂။ အတုမြင် အတတ်သင်။

ကလေးတွေဆိုတာ အတုမြင်အတတ်သင် အရွယ်ဖြစ်တဲ့အတွက် မိသားစုထဲ ဆေးစွဲနေတဲ့သူ ရှိခဲ့ရင် သူတို့အတွက် မူးယစ်ဆေးဆိုတာ မစိမ်းတော့တဲ့ အရာ တစ်ခုဖြစ်သွားပါလိမ့်မယ်။ ဘာတွေ ကောင်းလို့ လူကြီးတွေ ဒီလောက်တောင် စွဲနေရတာလဲဆိုပြီး လိုက်လုပ်ကြည့်လို့ကတော့ ဆေးစွဲသွားမှာ အသေအချာပါ။

၃ ။ ဆရာဝန်ပေးတဲ့ဆေးတွေကို အလွဲသုံးစားလုပ်တာ။ 

ဆေးစွဲတယ်ဆိုလို့ ဘိန်းဖြူ ဆေးခြောက်ကိုကင်းတို့ကိုပဲ ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရောဂါ အခြေအနေအတွက် သောက်ရတဲ့ ဆေးတွေကို အလွဲသုံးစားလုပ်မိရင်လည်း ဆေးစွဲသွားတတ်လို့ ကျန်းမာရေးကို ထိခိုက်စေမှာပါ။။ အထူးသဖြင့် အနာသက်သာအောင် လုပ်ပေးတဲ့ မော်ဖင်းလိုဆေးမျိုး၊ မူးယစ်ဆေးနည်းနည်းပါတဲ့ ချောင်းဆိုးပျောက်ဆေးလိုမျိုး၊ မှိန်းလို့ကောင်းတဲ့ အိပ်ဆေးတွေကို အများအားဖြင့် စွဲတတ်ကြပါတယ်။ ဒါကြောင့် ဆေးတွေကို ဆရာဝန်ညွန်ကြားတဲ့ အချိန်တစ်ခု အထိပဲသောက်ပါ။ ပိုသောက်မိရင် ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရသလို ဆေးလည်း စွဲသွားစေတတ်ပါတယ်။

၄။ အထီးကျန် ဝေဒနာခံစားရတဲ့သူတွေက ဆေးစွဲလွယ်ကြပါတယ်။ 

အထီးကျန်တယ်ဆိုတည်းက အပေါင်းအသင်းလည်း မရှိ၊ မကောင်းတာတွေလုပ်နေရင်လည်း တားပေးမယ့်သူမရှိဆိုတော့ သူ့အတွက် အရက်တို့၊ မူးယစ်ဆေးတို့ကသာ အဖော်တွေလို ဖြစ်နေပါတော့တယ်။

၅ ။ စိတ်ဖိစီးမှုများတာ။ 

စိတ်ဖိစီးမှု များလွန်းရင် ဖြစ်လာတဲ့ စိတ်ကျဉ်းကျပ်မှုကို ထွက်ပေါက်ရှာဖို့အတွက် အရက်တို့၊ မူးယစ်ဆေးတို့ကို ပစ်မှတ်ထားလာကြပါတယ်။ ဆေးသုံးလိုက်ရင်၊ အရက်မူးသွားရင် ဖြစ်နေတဲ့ ပြဿနာတွေကို ခဏမေ့သွားတာကြောင့် စိတ်ဖိစီးမှုများတဲ့သူတွေဟာ အရက်တို့ မူးယစ်ဆေးတို့ ပိုစွဲလွယ်ကြပါတယ်။

၆ ။ မူးယစ်ဆေးတို့ အရက်တို့ရဲ့ အာနိသင်ကိုကြိုက်လို့ကို စွဲကြတာ။

အရက် နည်းနည်းသောက်လိုက်ရင် စိတ်ပျော်တယ်။ များများသောက်မိလို့ မူးသွားရင် ရီဝေဝေလေးနဲ့ လောကကြီးကို ခဏ မေ့သွားတယ်။ စိတ်ကြွဆေးတွေကြောင့် တက်ကြွပြီး အလုပ်တွေ ပိုလုပ်လို့ကောင်းလာတယ်။ ဆေးခြောက်တွေ၊ ဘိန်းတွေကကျတော့ သုံးပြီးသွားရင် ငြိမ့်ငြိမ့်လေးနဲ့ ဖီးလ်လို့ကောင်းစေတယ်။ နောက်ဆက်တွဲ ဆက်ဖြစ်တဲ့ဆိုးကျိုးတွေကသာ မကောင်းတာ။ သုံးနေတဲ့အချိန်မှာတော့ ခံစားလို့အရမ်းကောင်းတဲ့အတွက် မူးယစ်ဆေးစွဲရတယ်ဆိုတာ ဖြစ်လာကြတာပါ။

၇ ။ ကိုယ်အလေးချိန်လျှော့ချချင်လို့ မူးယစ်ဆေးသုံးကြတာ။

ဆေးသုံးနေတဲ့အချိန်ဆို ထမင်းလည်း မစားချင်၊ မစားဘဲနဲ့လည်း နေနိုင်တဲ့အတွက် ပိန်ချင်တဲ့ ကောင်မလေးတော်တော်များများက မူးယစ်ဆေးကို ဝိတ်ချတဲ့နေရာမှာ အလွဲသုံးစားလုပ်ပြီး ဆေးစွဲသွားတတ်ကြပါတယ်။

၈ ။ အပေါင်းအသင်းမှားတာ။ 

အပေါင်းအသင်းမရှိလို့၊ အထီးကျန်လို့ပဲ ဆေးစွဲနိုင်တာ မဟုတ်ပါဘူး။ ဆေးသမား တွေကို အပေါင်းအသင်းလုပ်မိရင်လည်း တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဖြစ်ပြီး ကိုယ်လည်း ဆေးစွဲသွားနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ရာသီထိမ် တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အကျပ်အတည်းကာလဆိုပြီး ပိုသောက်မိနေပြီလား

ကိုယ်လက်ရှိရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေ၊ ကပ်ဘေးတွေကြောင့် စိတ်တွေညစ်လိုက်တာ၊ စိတ်တွေပင်ပန်းလိုက်တာဆိုပြီး နေ့စဉ်ရက်ဆက် ပိုသောက်မိနေပြီလား ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အော်ရင်း ဟစ်ရင်း လည်ချောင်းနာ နေပြီလား

လည်ချောင်းနာ တာက ရက်ပိုင်းလောက် ကြာတတ်တယ်ဆိုပေမယ့် အရင်လို ပြန်ပြီး အော်ဖို့ ဟစ်ဖို့ဆိုရင် ခဏတော့ သည်းခံရမှာပါ။ သက်သာစေဖို့ ဒီနည်းလမ်းတွေ လိုက်လုပ်ပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဘယ်လေ့ကျင့်ခန်း အမျိုးအစားက ဘယ်လောက် ကယ်လိုရီလောင်ကျွမ်း စေသလဲ ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး ကစားနိုင်မှာဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အရက်

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2021 . 2 mins read
လူကြီးတွေမှာ အစာစားချင်စိတ်ပျောက်

ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read