backup og meta

ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ

    မနက်သုံးနာရီကလည်းထိုးပြီ၊ မိမိရဲ့ဘေဘီလေးကလည်းမအိပ်သေးဘူး။ မေမေကတော့ အရမ်းအိပ်ချင်နေပြီပေါ့။

    ဘေဘီလေးတို့အိပ်စက်ဖို့ရန်အတွက် မေမေတို့တွေ ဘယ်လိုနည်းလမ်းတွေ သုံးရမှာပါလိမ့်။

    (၁) ‘S’ ငါးလုံးနည်းလမ်း

  • Swaddling ဆိုတာ မြန်မာလိုဆိုရင် တင်းကြပ်စွာထုပ်ပိုးထားသည်လို့ အဓိပ္ပာယ်ရပါတယ်။ ကလေးတွေဟာ မေမေတို့ရဲ့ဗိုက်ထဲမှာ သန္ဓေသားဘဝအနေနဲ့ ကိုးလခန့်ရှိနေခဲ့တာပါ။ ထိုအချိန်က မေမေတို့ရဲ့သားအိမ်ဟာ သန္ဓေသားလေးတွေကို နွေးထွေးစွာထုပ်ပိုးထားခဲ့ပါတယ်။ ဒါကြောင့်အပြင်ရောက်လာသည့်တိုင် ဒီလိုခံစားမှုမျိုးကို ကြိုက်နေတတ်ကြပါတယ်။ ဘေဘီလေးတွေကိုချော့သိပ်ဖို့ဆိုရင် နွေးထွေးစွာထုပ်ပိုးယုယထားခြင်း နည်းလမ်းဟာလည်း အသုံးဝင်ပါတယ်။ တခြားအချိန်တွေမှာတော့လွတ်လပ်စွာဆော့ကစားပါစေနော်။
  • Side – ဘေးတစ်စောင်းအနေအထားနဲ့ သိပ်ကြည့်ပါ။ ဘေးစောင်းအနေအထားဟာ ဘေဘီလေးကို အိပ်မက်ကမ္ဘာထဲရောက်အောင် တဖြည်းဖြည်းနဲ့ခေါ်ဆောင်သွားနိုင်ပါတယ်။ အိပ်ပျော်သွားရင်တော့ ပက်လက်အနေအထားပြန်ပြောင်းပေးနိုင်ပါတယ်။
  • Shushing ဆိုတဲ့အဓိပ္ပာယ်ကတော့တိုးတိတ်ညင်သာတဲ့ ရှူးဆိုတဲ့အသံကို စည်းချက်ကျကျ ကလေးရဲ့နားအနီးမှာသီဆိုပေးပါ။ ဤအသံဟာ သားအိမ်ထဲမှာရှိနေစဉ် ကာလမှာ ကြားခဲ့ရတဲ့အသံနဲ့ ပုံစံတူတယ်လို့ဆိုထားကြပါတယ်။
  • Swing – ဒီနည်းလမ်းကိုတော့ လူတိုင်းသိပြီးသားပါ။ ကလေးကို ပုခက်ထဲမှာဖြစ်စေ၊ ကလေးအိပ်စင်မှာဖြစ်စေ လွှဲသိပ်ရမယ့်နည်းလမ်းပါ။ ဖြည်းညင်းစွာလွှဲဖို့တော့လိုပါတယ်။ အားများများနဲ့လွှဲသိပ်ခြင်းဟာ ထိခိုက်ဒဏ်ရာရမှာစိုးရိမ်ရသလို ကလေးရဲ့ဉီးနှောက်ကိုလည်း ထိခိုက်နိုင်ပါတယ်။ အိပ်မောကျသွားရင်တော့လွှဲနေတာကိုရပ်လိုက်ပါ။
  • Sucking Reflex ဆိုတာဘေဘီလေးတွေ နို့စို့တဲ့အလေ့အထပါ။ ဘေဘီလေးတွေဟာ မေမေ့နို့ကိုစို့ရင်း အိပ်ပျော်သွားတတ်ကြပါတယ်။ နို့တိုက်ရင်း မေမေကိုယ်တိုင် အိပ်မပျော်သွားအောင်တော့ သတိထားပါ။ မေမေ့နို့ဟာကလေးမျက်နှာကို မတော်တဆ ဖိမိနေတတ်တာမို့အသက်ရှူကြပ်သွားနိုင်ပါတယ်။ ချိုလိမ်လေးတွေပေးထားလို့လည်းရပါတယ်။
  • (၂) နေ့နဲ့ည အလင်းနဲ့အမှောင်ကို သင်ကြားပေးပါ။

    သားအိမ်ထဲမှာရှိနေစဉ်မှာပတ်ဝန်းကျင်ဟာမှောင်နေပါတယ်။ အပြင်လောကကို ရောက်လာတဲ့အခါ အလင်းကို ချက်ချင်း အသားမကျသေးတာကြောင့် အလွယ်တကူ အိပ်မပျော်သေးတာပါ။ ညဘက်အခန်းမီးပိတ်ချိန်စောလေလေ ကလေးရဲ့ နှစ်ခြိုက်စွာအိပ်ပျော်ချိန် စောလေလေပါ။ ဒါ့အပြင် ညတိုင်းညတိုင်းမီးပိတ်တဲ့အချိန်ဟာတစ်ချိန်ထဲဖြစ်ရင်ပိုကောင်းပါတယ်။ အိပ်ချိန်ကို ပုံမှန်မှတ်မိသွားနိုင်ပါတယ်။ အိပ်ချိန်ကို တစ်သမတ်တည်းဖြစ်သွားစေပြီး မေမေလည်း ခက်ခက်ခဲခဲသိပ်ရတဲ့ ပြဿနာလျော့သွားမှာပါ။

    (၃) စိတ်ကိုပြင်ဆင်ပါ။

    တကယ်တော့ ဘေဘီလေးတွေညညထထငိုတယ်ဆိုတာ ပုံမှန်သဘာဝပါပဲ။ များသောအားဖြင့် သူတို့လေးတွေဗိုက်ဆာလာလို့ပါ။ ဒါဟာ လနုသေးတဲ့ကလေးငယ်လေးတွေအတွက်ပုံမှန်ပါပဲ။ မေမေတို့အနေနဲ့ ဒါကိုစိတ်ညစ်စရာလို့သဘောမထားဘဲ အကောင်းဆုံးရင်ဆိုင်ဖြေရှင်းခြင်းဟာစိတ်ညစ်မှုကိုတစ်ဝက်လောက်သက်သာစေပါတယ်။

    ဘေဘီလေးတွေနိုးလာတဲ့အခါ

    • နို့တိုက်ပြီး ပြန်သိပ်လိုက်ပါ။
    • အခန်းမီးမဖွင့်လိုက်ပါနဲ့။ ကလေးရော အမေရောမျက်စိကြောင်သွားပြီး ပြန်အိပ်ပျော်ဖို့ခက်ခဲသွားနိုင်ပါတယ်။
    • ရှူးရှူးပေါက် အီးအီးပါလို့နိုးလာခဲ့ရင်တော့ လဲလှယ်သန့်စင်ပေးပြီးပြန်သိပ်ပါ။
    • ဆူညံသံတစ်ခုကြောင့် နိုးလာခဲ့ရင်တော့ ပြန်အိပ်ပျော်ဖို့မြန်ပါတယ်။
    • ချိုလိမ်ကိုလည်းအသုံးပြုနိုင်ပါတယ်။

    ဒါကြောင့် မေမေအများစုကြုံတွေ့နေရတဲ့ဒီပြဿနာကိုစိတ်ညစ်စရာလို့သဘောမထားဘဲ အကောင်းဆုံးဖြေရှင်းလိုက်ပါ။

    မေမေတို့ ယခုကြုံတွေ့ရတဲ့ဒုက္ခဟာတစ်ခဏပါပဲ။ ဘေဘီလေးအသက်ကြီးလာတာနဲ့အမျှ ဒီဒုက္ခတွေဟာပျောက်သွားမှာပါ။ လနုစဉ် ခဏတာကြုံတွေ့ရတဲ့အခက်အခဲပါ။ မိမိရင်သွေးလေး ကျန်းကျန်းမာမာနဲ့ ချစ်စရာကောင်းစွာကြီးပြင်းလာမှာကိုစိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းရင်း အိပ်မပျော်တဲ့ပြဿနာကိုနည်းလမ်းကျကျဖြေရှင်းကြည့်ရအောင်။

    ရေးသားသူ- ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement