backup og meta

ကျန်းမာတဲ့ ဘေဘီလေး မွေးစေဖို့ မေမေတို့ ဘာတွေ စားသောက်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာတဲ့ ဘေဘီလေး မွေးစေဖို့ မေမေတို့ ဘာတွေ စားသောက်ကြမလဲ။

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရာ ဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင် အာဟာရတွေကို အချိုးအစား မှန်ကန်မျှတစွာ စားသုံးမိဖို့ လိုပါမယ်။

    ဒီလိုဆိုတာနဲ့ ဘာတွေကိုများ ထူးထူခြားခြား စားသုံးရတော့မလဲ မသိဘူးလို့ မတွေးလိုက်ပါနဲ့။ ပုံမှန် စားသုံးမှုမှာပဲ အာဟာရပြည့်အောင် စားသုံးလို့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှ မေမေက အာဟာရပြည့်ဝပြီး မှန်ကန်စွာ စားသုံးတာက ကျန်းမာတဲ့ ဘေဘီလေးကို မွေးဖွားစေဖို့ အများကြီး ထောက်ကူပေးနိုင်ပါတယ်။

    ဒီတော့ ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားနိုင်စေဖို့ မေမေတို့အနေနဲ့ ဘာတွေ စားရမလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ကျန်းမာတဲ့ ဘေဘီလေး မွေးစေဖို့ မေမေတို့ ဘာတွေ စားသောက်ကြမလဲ။

    ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့ အနေနဲ့

    သစ်သီး

    သစ်သီးတွေက ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝပြီး မေမေကို ကိုယ်ခံအား ကောင်းစေသလို ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။ သစ်သီးတွေက ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေပါ။ အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် ဝမ်းမှန်စေပြီး ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။

    ဟင်းသီးဟင်းရွက်တွေ

    ဟင်းသီးဟင်းရွက်တွေမှာ ဖောလိတ် ပါဝင်နေတာကြောင့် မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုက အစာခြေစနစ်ကို ကောင်းစေပြီး အစာမကြေတာ၊ ရင်ပူတာနဲ့ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို ကာကွယ်ပေးပါတယ်။

    ကာဗိုဟိုက်ဒရိတ်

    ထမင်း၊ ပေါင်မုန့်၊ ကိတ်မုန့်စတဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအစာတွေကို စားပေးပါ။ အာလူး၊ ခေါက်ဆွဲ၊ ကန်စွန်းဥ စတာတွေကိုလည်း စားပေးလို့ရပါတယ်။

    ကာဗိုဟိုက်ဒရိတ် ပါဝင်တဲ့ အစားအစာတွေကို ကိုယ်ဝန်ဆောင် မေမေကို အင်အားပြည့်ဝစေပြီး ဘေဘီလေးကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။ ပြုပြင်ထားတဲ့ အစားအစာတွေကိုတော့ မစားဖို့ ပြောပါရစေ။ ဥပမာ အသင့်စား ခေါက်ဆွဲပြုတ်၊ ပီဇာ စတာတွေပါ။

    ပရိုတင်း

    ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတင်းက တော်တော်လေး အရေးကြီးပါတယ်။ နေ့စဉ် ပရိုတင်း ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။

    ဒါမှ မေမေလည်း ကိုယ်ခံအားကောင်းပြီး ဘေဘီလေးလည်း အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးနိုင်မှာပါ။

    ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုတင်း ပြည့်ဝစေဖို့ ကြက်သား(အရေခွံမပါ)၊ ဥအမျိုးမျိုး၊ အဆီမပါတဲ့ အနီရောင်အသား၊ ပဲအမျိုးမျိုး၊ အခွံမာသီး စတာတွေ စားပေးပါ။

    နို့ထွက်ပစ္စည်း

    ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ထဲက ဘေဘီလေး အရိုးနဲ့သွားတွေ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ကယ်လ်ဆီယမ် မဖြစ်မနေ လိုအပ်ပါတယ်။

    ဒါကြောင့် ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ဆိုရင် နို့၊ နို့ထွက်ပစ္စည်း၊ ဒိန်ချဉ်၊ ချိစ်စတာတွေ စားပေးပါ။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ

    အဆီ အများကြီးစားတာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကိုတော့ ထိုက်သင့်သလောက် စားပေးဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဆို ပိုလို့တောင် လိုအပ်ပါဦးမယ်။

    ဒါကြောင့် ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ပြည့်ဝဆီတွေပါဝင်နေတဲ့ အသားအဆီတွေ၊ ထောပတ်၊ ခရင်မ်၊ ကွတ်ကီးစတာတွေကို မစားပါနဲ့။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေပါတဲ့ ပင်လယ်ငါး၊ အခွံမာသီး၊ အစေ့အဆန်၊ နေကြာဆီ၊ သံလွင်ဆီ စတာတွေ စားသုံးပေးပါ။

    ဒါတွေအပြင် လိုအပ်မယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး အားဆေးသောက်တာ၊ ဖြည့်စွက်စာ စားတာမျိုးတွေ လုပ်ပေးလို့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement