backup og meta

အသည်းရောင်ရောဂါကုထုံးများ


Dr. Kaung Thar မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောင်ရောဂါကုထုံးများ

    အသည်းရောင်ရောဂါဆိုသည်မှာ အသည်းရောင်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ကျွမ်းကျင်သူများက ၎င်းဗိုင်းရပ်စ်ပိုးများကို အေ၊ ဘီ၊ စီ၊ ဒီ၊ အီး ဟူ၍ ခွဲခြားထားပါသည်။ ထို့ကြောင့် ရောဂါပိုးတစ်မျိုးစီအတွက် ကုသမှု ကြီးမားစွာကွဲပြားသည့်အပြင် ရုတ်တရက် နှင့် နာတာရှည်ရောဂါအတွက်လည်း ကုသမှုများခြားနားပါသည်။

    အသည်းရောင်ရောဂါရှိသည်ဟု သိရှိသည်နှင့် သင်၏ဘဝသည် ပြောင်းလဲနိုင်သည်။ အသည်းရောင်ရောဂါအတွက် သုံးသည့်ဆေးများမှာ ဈေးကြီးသည့်အပြင် ဘေးထွက်ဆိုးကျိုးများပါသည်။ ထို့ကြောင့်ကုသမှုယူခြင်း၊ မယူခြင်းမှာ အောက်ပါအချက်ပေါ်တွင် မူတည်ပါသည်။

    • အသည်းမည်မျှပျက်စီးသလဲ

    • အခြားကျန်မာရေးအခြေအနေ

    • ရောဂါပိုးများခန္ဓါကိုယ်တွင်မည်မျှရှိသလဲ။

    • မည်သည့်အသည်းရောင်ရောဂါအမျိုးအစားရှိသလဲ။

    ချက်ချင်းရုတ်တရက် ဖြစ်သောအသည်းရောင်ရောဂါကုသမှု(acute hepatitis)

    ထိုရောဂါရှိသူအများစုသည် ၎င်းတို့၏အခြေအနေကို မသိသောကြောင့် ကုသမှုမခံယူကြပေ။ လူတစ်ဦးက ဤပိုးနှင့်ထိတွေ့ခဲ့လျှင် ဥပမာ-ကျန်းမာရေးဝန်ထမ်းမှ အပ်စူးခဲ့လျှင် စောစောဆေးကုသမှုခံယူရမည် ဖြစ်သည်။ ရောဂါရှိသည့်လူအများစုသည် ဆေးကုသမှုခံယူပါက ရောဂါလက္ခဏာများကို လျှော့ချပေးပါသည်။ ၎င်းကုသမှုများမှာ-

    • အနားယူခြင်း။ အသည်းရောင်လူနာများသည် ပင်ပန်းကာဖျားနေသောကြောင့် အနားယူရန်လိုအပ်သည်။ ပျို့အန်လျှင် အစာစားရန်ခက်ခဲပါသည်။ ထို့ကြောင့်အစာအများကြီးစားသည်ထက် နည်းနည်းစီ ခွဲစားသင့်သည်။ ကယ်လိုရီဓါတ်ကြွယ်ဝသော အစားအစာများ စားသုံးသင့်သည်။ ဥပမာ-ရေထက် နို့(သို့)သစ်သီးဖျော်ရည်များသောက်ခြင်း။ ထို့အပြင် အန်ခြင်းကြောင့် ရေဓါတ်ဆုံးရှုံးခြင်းကို ပြန်လည်ဖြည့်ဆည်းရန် အကြောထဲအရည်ဓါတ်သွင်းပေးနိုင်သည်။ ဆိုးရွားစွာ ပျို့အန်ပါက ဆေးရုံသို့ပို့ကာ ကုသသင့်သည်။

    • အသည်းကို အနားပေးပါ။ သင်၏အသည်းသည် ဆေးနှင့်အရက်ကို စုပ်ယူရန်ခဲယဉ်းပါသည်။ ဆေးမသောက်ခင် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။ အရက်သည်အသည်းကို အဆိပ်အတောက်ဖြစ်စေသဖြင့် အသည်းရောင်ရောဂါရှိနေစဉ် လုံးဝအရက်မသောက်သင့်ပါ။

    • အသည်းကိုထိခိုက်စေသော ဆေးနှင့်ပစ္စည်းများ သုံးစွဲခြင်းကို ဂရုစိုက်ပါ။ (ဥပမာ-acetaminophen၊ အရက်)။ ပျက်စီးနေသောအသည်းသည် ပုံမှန်တွင်ဆေးများကို မဖယ်ရှားနိုင်သောကြောင့် သွေးထဲတွင် ဆေးအာနိသင် ကြာရှည်စွာရှိကာ အန္တရာယ်ရှိသောအတိုင်းအတာသို့ ရောက်နိုင်သည်။ အိပ်ဆေးနှင့် စိတ်ငြိမ်ဆေးများသည် အသည်းနှင့်ဦးနှောက်ကို ထိခိုက်ကာ သတိလစ်ခြင်း၊ နုံးခြင်းများဖြစ်နိုင်သောကြောင့် ရှောင်သင့်သည်။

    • အရက်နှင့် ဆေးလိပ်သောက်ခြင်းကို ရပ်ပါ။ အရက်သည် နာတာရှည်အသည်းရောင်ရောဂါတွင် အသည်းကို ပို၍ပျက်စီးစေသည့်အပြင် အသည်းခြောက်ခြင်းကိုလျင်မြန်စွာဖြစ်စေသည်။

    • အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ပါ။ အကြောင်းမှာ လိင်ဆက်ဆံရာမှ ရောဂါပိုးကို လိင်ဆက်ဆံဖော်သို့ ကူးစက်နိုင်၍ဖြစ်သည်။ ထို့ကြောင့် ရောဂါရှိစဉ်တွင် လိင်ဆက်ဆံခြင်းကို ရှောင်ရှားခြင်း(သို့) ကွန်ဒုံးသုံးခြင်းများပြုလုပ်ရမည်။

    နာတာရှည်အသည်းရောင်ရောဂါကုသမှု

    နာတာရှည်အသည်းရောင်ရောဂါကို ကုသရန် နည်းလမ်းများစွာ ရှိပါသည်။ ဆေးဖြင့်ကုသခြင်း(သို့) ကာကွယ်ဆေးထိုးခြင်း(သို့) အသည်းအစားထိုးခြင်းတို့ ဖြစ်သည်။

    နာတာရှည်အသည်းရောင်ရောဂါ(စီ)အတွက် ဆေးဖြင့်ကုသနည်းများမှာ

    • Alpha interferonဆေးထိုးခြင်း

    • Ribavirin သောက်ဆေး

    • Boceprevirသောက်ဆေး

    • Simeprevir

    • Sofosbuvirသောက်ဆေး

    • simeprevirသောက်ဆေး

    • Daclatasvirသောက်ဆေး

    • Ledipasvirသောက်ဆေး

    • Ombitsvir/paritaprevir/ritonavir သောက်ဆေး

    • ombitasvir/paritaprevir/ritonavir/dasabuvir (ViekiraPak)သောက်ဆေး

    နာတာရှည်အသည်းရောင်ရောဂါ(စီ)အတွက် အဓိကကုသမှုမှာ PEG/ribaကုထုံး (peylated interferon နဲ့ribavirin ပူးပေါင်းပါသောကုထုံး)ဖြစ်သည်။ Interferon alfa-2b(Intron A) ထိုးဆေးဖြင့်ကုသခြင်းသည် ကြာရှည်စွာကုသမှုမခံယူလိုသော လူငယ်များနှင့် ကိုယ်ဝန်ယူမည့်သူများအတွက် အသုံးပြုပါသည်။၎င်းကို Ribavirinတစ်နေ့၂ကြိမ် သောက်ဆေးဖြင့် တွဲသုံးနိုင်ပါသည်။

    အသည်းအစားထိုးကုခြင်းကို သင်၏အသည်းလုပ်ငန်များ ပျက်စီးနေပါက ရွေးချယ်သင့်သည်။ အသည်းအစားထိုးနေစဉ်အတွင်း သင့်အသည်း၏ မကောင်းသောအပိုင်းကိုဖယ်ရှား၍ ကျန်းမာသောအသည်းနှင့်အစားထိုးပေးသည်။ အစားထိုးသည့်အသည်းအများစုသည် သေဆုံးပြီးသူများမှ လှူဒါန်းခြင်းဖြစ်သည်။ အသည်းရောင်ရောဂါ(စီ)ရှိသူများအတွက် အသည်းအစားထိုး၍ အရှင်းပျောက်အောင် ကုသ၍မရပေ။ အသည်းအစားထိုးပြီးပါကလည်း အသည်းရောင်ရောင်ရောဂါ(စီ)သည် ပြန်ဖြစ်နိုင်သောကြောင့် ရောဂါပိုးဖယ်ရှားသောကုသနည်းများ ဆက်လက်ယူသွားရမည်။

    ကာကွယ်ဆေးများ

    အသည်းရောင်ရောဂါ(စီ)အတွက် ကာကွယ်ဆေး ယခုအထိ မပေါ်သေးပါ။ အသည်းရောင်(အေ)နှင့်(ဘီ)အတွက် ကာကွယ်ဆေးများရှိပါသည်။ အချို့ဗိုင်းရပ်စ်ပိုးများသည် အသည်း၏လုပ်ငန်းများကို ဖျက်စီးကာ အသည်းရောင်ရောဂါ(စီ)ကုသမှုကို ရှုပ်ထွေးစေပါသည်။

    အသည်းရောင်ရောဂါ(စီ)အတွက် ဆေးကုသမှုခံယူဖို့ ပုံမှန်သွေးစစ်ကာ ဆရာဝန်နှင့်သွားရောက်ပြသသင့်သည်။ ရုတ်တရက် နှင့် နာတာရှည်အသည်းရောင်ရောဂါကုထုံးသည် တစ်ဦးနှင့် တစ်ဦးမတူညီပါ။ ရုတ်တရက်အသည်းရောင်ရောဂါအတွက် ကုသနည်းမှာ အနားယူခြင်း၊ လက္ခဏာများ သက်သာအောင်ပြုလုပ်ခြင်း၊ အရည်ဓါတ်များ လုံလောက်စေခြင်းတို့ပါဝင်သည်။ နာတာရှည်အသည်းရောင်ရောဂါကုသမှုတွင် ပိုးကိုဖယ်ရှားစေသည့်ကုသနည်းနှင့် အသည်း နောက်ထပ်မပျက်စီးအောင် ကာကွယ်ခြင်းတို့ဖြစ်သည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement