ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဖေ‌ဖော်ဝါရီ 15, 2021 . 2 mins read
Share now

အားလုံး ဝမ်းမချုပ်ဘူးတဲ့သူ မရှိဘူးလို့ထင်ပါတယ်။ ဝမ်းချုပ်တဲ့ ပြဿနာဟာ တကယ်ကို စိတ်ရှုပ်ရတဲ့ ပြဿနာတစ်ခုပါ။ ဝမ်းထဲသွေးပါ ရင် ပိုလို့တောင် အထိတ်တလန့် ဖြစ်ရပါသေးတယ်။ ဘာများဖြစ်နေပြီလဲ စိုးရိမ်ရလားဆိုပြီးတော့ပေါ့။ ဒါကြောင့် ဒီဆောင်းပါးလေးထဲမှာ ဝမ်းထဲ သွေးပါခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ပြောပြပေးတော့မှာပဲ ဖြစ်ပါတယ်။

ဝမ်းထဲသွေးပါ တာ နှစ်မျိုးရှိပါတယ်။

  • လတ်လတ်ဆတ်ဆတ် သွေးအနီရောင်တွေ ဝမ်းထဲပါတာ၊
  • သွေးဝမ်းလို့ခေါ်ကြတဲ့ ဝမ်းမည်းမည်းတွေ ဆိုပြီး နှစ်မျိုးရှိပါတယ်။

ဒီလို ၂ ခုကွဲသွားရခြင်းရဲ့ အကြောင်းအရင်းကတော့ ရောဂါ ဖြစ်တဲ့နေရာ မတူလို့ပဲ ဖြစ်ပါတယ်။ အူသိမ်အပေါ်ပိုင်း အစာခြေလမ်းကြောင်းကထွက်တဲ့ သွေးတွေဟာ အစာအိမ်ထဲက အက်ဆစ်နဲ့ ဓာတ်ပြုပြီး ဝမ်းမည်းမည်းတွေ ဖြစ်သွားလေ့ရှိပါတယ်။ သွေးအနီရောင် လတ်လတ်ဆတ်ဆတ်ကကျတော့ အူသိမ်အောက်ပိုင်း အစာခြေစနစ်မှာ ပြဿနာတစ်ခုခုရှိနေတာကြောင့် ထွက်လာတဲ့ သွေးတွေပါ။ ဒီတော့ ဘယ်လို ပြဿာနာတွေဖြစ်နိုင်လဲ။

ဝမ်းထဲသွေးပါ ရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ 

ဝမ်းထဲ သွေးနီနီရဲရဲပါရခြင်း အကြောင်းများ 

  • လိပ်ခေါင်းရောဂါ – ဝမ်းသွားပြီးနောက်ပိုင်း သွေးနီနီရဲရဲတွေ ဆင်းလာတာ၊ ဝမ်းချုပ်တာ၊ စအိုနားတစ်ဝိုက်တင်းပြီး ယားယံနေတာမျိုး၊ စမ်းလိုက်ရင် အလုံးလေးစမ်းမိတာမျိုးတွေ ရှိပြီဆို လိပ်ခေါင်းရောဂါဖြစ်နေပါပြီ။
  • စအိုဝကွခြင်း – သွေးစလေးတွေ ဝမ်းထဲကပ်ပါနေတာ၊ ဝမ်းသွားပြီး စအိုဝစပ်တာ၊ ဝမ်းချုပ်လို့ အရမ်းညှစ်သွားရတာမျိုးတွေရှိရင် စအိုဝကွဲတာနေတာ ဖြစ်နိုင်ပါတယ်။
  • Diverticulitis ( အူမကြီး လမ်းကြောင်းတစ်လျှောက် အိတ်ကလေးများ ဖြစ်ခြင်း) – Diverticulosis လို့ခေါ်တဲ့ အိတ်ထဲက သွေးကြောမျှင်လေးတွေ ဖောင်းပြီး ပေါက်သွားရာမှ ဝမ်းထဲသွေးပါခြင်းဖြစ်နိုင်ပါတယ်။
  • Inflammatory Bowel Disease (အူလမ်းကြောင်းရောင်ရမ်းခြင်း ) – IBD ထဲမှာ ulcerative colitis နဲ့ Crohn’s Disease ဆိုပြီး နှစ်မျိုးပါပါတယ်။ အဲဒီအထဲမှာ ulcerative colitis က အူမကြီးကိုထိတာဖြစ်ပြီး Crohn’s Disease ကတော့ အူလမ်းကြောင်းတစ်လျှောက် ကြိုက်တဲ့နေရာမှာ ဖြစ်နိုင်ပါတယ်။ ဒီ ၂ မျိုးလုံးဟာ အူမကြီးကို သွားထိစေတတ်တာကြောင့် ဝမ်းထဲသွေးပါခြင်းကိုဖြစ်စေတတ်ပါတယ်။
  • အူမကြီးကင်ဆာ – အူမကြီးကင်ဆာကြောင့် ဝမ်းထဲသွေးပါတာမျိုး ဖြစ်တတ်ပါတယ်။ သူ့ရဲ့လက္ခဏာတွေကတော့ အရင်တုန်းက ဝမ်းချုပ်ပေမယ့် ခုကျတော့ မနက်ပိုင်း သွေးဝမ်းပျော့ပျော့တွေသွားတာ၊ ဝမ်းသွားပြီး ဝမ်းကျန်သလိုခံစားနေရတာနဲ့ ကိုယ်အလေးချိန် သိသိသာသာကျဆင်းတာတွေ ပဲ ဖြစ်ပါတယ်။

ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ။

ဝမ်းမည်းမည်းသွားရခြင်း အကြောင်းအရင်းများ

ဝမ်းမည်းမည်းသွားရခြင်းဟာ အူသိမ်အပေါ်ပိုင်း အစာခြေစနစ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့်ဆိုတာ အပေါ်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ဒီတော့ ဝမ်းမည်းမည်းသွားစေတဲ့ အကြောင်းအရင်းတွေက ဘာများလဲ။

  • အစာအိမ်အနာမှ သွေးယိုခြင်း- အစာအိမ်ရောင်တဲ့ အဆင့်တင်မဟုတ်ဘဲ အနာပါဖြစ်သွားတဲ့အခါကျ အစာတစ်ခါဝင်တိုင်း အနာကို ပွတ်မိပြီး သွေးထွက်တတ်ပါတယ်။ ဒီသွေးတွေက အစာအိမ်ထဲက အက်ဆစ်နဲ့ ဓာတ်ပြုတဲ့အခါကျ အနံ့နံတဲ့ ဝမ်းမည်းမည်းတွေ အဖြစ် ဆင်းလာပါတော့တယ်။
  • အစာရေမြိုပြွန်မှ သွေးကြောထုံးများ – အသည်းရောဂါရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ အစာရေမြိုပြွန်မှ သွေးကြောထုံးတွေ ပေါက်သွားရာမှ တစ်ဆင့် ဝမ်းမည်းမည်းတွေ သွားတတ်ပါတယ်။
  • အကိုက်အခဲပျောက်ဆေးများကြောင့် အစာအိမ်သွေးယိုခြင်း – အကိုက်အခဲပျောက်ဆေးအပြင်းစားကို အစာမစားဘဲ သောက်လိုက်တဲ့အခါ အစာအိမ်နံရံ သွေးယိုပြီး ဝမ်းမည်းမည်းတွေ သွားတတ်ပါတယ်။

ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ။

ဒါတွေကတော့ ဝမ်းထဲသွေးပါ ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။ ဝမ်းထဲသွေးပါ တယ်ဆိုတာက အချိန်ကြာလာရင် သွေးအားနည်းပြီး သေချာဆေးကုသမှု မခံယူရင် ပိုဆိုးလာတတ်တာကြောင့် မပေါ့ဆဘဲ ဆရာဝန်ဆီသွားတာ အကောင်းဆုံးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း ( SIBO)

အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များလာခြင်းက ရေရှည်မှာ လူနာကို ဘာဖြစ်စေနိုင်သလဲ။ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲဆိုတာ လေ့လာကြည့်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အတက်ရောဂါ ဆိုတာ

အတက်ရောဂါပဲ ဖြစ်ဖြစ်၊ သာမန်တက်တာပဲ ဖြစ်ဖြစ် သေသေချာချာ ကုသသင့်ပါတယ်။ ညွှန်ကြားတဲ့ဆေးတွေကို သေသေချာချာသောက်ပြီး ရောဂါကို ထိန်းချုပ်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

စပျစ်သီး အရောင် အမျိုးမျိုးထဲမှာမှ စပျစ်သီး စိမ်းစိမ်းလေးကိုမှ ကြိုက်တယ်ဆိုသူတွေအတွက် စပျစ်သီးစိမ်းစိမ်းလေးကကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စူပါသားသားမီးမီးတို့အတွက် စူပါသံဓာတ်

သားသားမီးမီး တွေကို စူပါမန်းကြီးလို ခွန်အားကောင်းကောင်း၊ ဉာဏ်ရည်ထက်ထက်၊ ကျန်းကျန်းမာမာဖြစ်နေစေချင်ကြပါတယ်။ စူပါ သားသားမီးမီးဖြစ်စေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
အစာအိမ်ကင်ဆာ (gastric cancer)

အစာအိမ်ကင်ဆာ (gastric cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 3 mins read
အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

အမျိုးသားတို့ သိထားသင့်တဲ့ ကျန်းမာရေးအခြေအနေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 6, 2021 . 3 mins read
အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 4 mins read