ဝမ်းချုပ်တတ်တဲ့သူတွေ အတွက်တော့ဝမ်းနှုတ်ဆေးက အားကိုးရာ တစ်ခုပါ။ ဒါပေမယ့် ဝမ်းချုပ်တဲ့ အခါတိုင်း ဝမ်းနှုတ်ဆေးကိုချည်းပဲ အားကိုးနေလို့တော့ မရပါဘူး။ ဝမ်းနှုတ်ဆေးက တစ်ခဏတာကိုပဲ သက်သာစေတာဖြစ်တဲ့အတွက်ကြောင့် အစတည်းက ဝမ်းမချုပ်စေဖို့ ဝမ်းမှန်စေဖို့လိုပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ဝမ်းချုပ်တတ်တဲ့သူတွေ အတွက်တော့ဝမ်းနှုတ်ဆေးက အားကိုးရာ တစ်ခုပါ။ ဒါပေမယ့် ဝမ်းချုပ်တဲ့ အခါတိုင်း ဝမ်းနှုတ်ဆေးကိုချည်းပဲ အားကိုးနေလို့တော့ မရပါဘူး။ ဝမ်းနှုတ်ဆေးက တစ်ခဏတာကိုပဲ သက်သာစေတာဖြစ်တဲ့အတွက်ကြောင့် အစတည်းက ဝမ်းမချုပ်စေဖို့ ဝမ်းမှန်စေဖို့လိုပါတယ်။
ဒါပေမယ့် တစ်ချို့ ဝမ်းအရမ်းချုပ်ပြီး ဝမ်းနှုတ်ဆေးပုံမှန်သုံးပေးမှကို ဖြစ်တဲ့သူတွေရှိပါတယ်။ ဒီလို ဝမ်းသွားတော့မယ်ဆိုတိုင် းဝမ်းနှုတ်ဆေး အကူအညီယူနေတာ ကောင်းရဲ့လား။ ဝမ်းနှုတ်ဆေးမှာ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိလဲ၊။ ဝမ်းနှုတ်ဆေး သုံးပါများရင် ဘာတွေ ပြောင်းလဲလာမလဲ ။ ။
ဝမ်းနှုတ်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ပြောဖို့ဆိုရင် ဝမ်းနှုတ်ဆေး ဘယ်နှစ်မျိုးရှိလဲဆိုတာ အရင်သိဖို့ လိုအပ်ပါတယ်။
ဝမ်းနှုတ်ဆေး အမျိုးအစား ၅ မျိုးရှိပါတယ်။ သူတို့ကတော့
ဝမ်းနှုတ်ဆေးက ဝမ်းချုပ်တဲ့သူတွေ အတွက် အားထားရတဲ့ အရာတစ်ခုဆိုပေမယ့် သူ့မှာလည်း ဆိုးကျိုးတွေ အများကြီးှရှိပါတယ် ။
ဝမ်းချုပ်တာကို သက်သာစေပေမယ့် တစ်ခဏတာပဲ ဖြစ်တာကြောင့် ဝမ်းသွားတိုင်း ဝမ်းနှုတ်ဆေးသုံးနေလို့တော့မရပါဘူး။ ဝမ်းနှုတ်ဆေး သုံးပါများလာတဲ့အခါ အူတွေရဲ့ ပုံမှန် ညှစ်အားနဲ့ လှုပ်ရှားမှုတွေ လျော့ကျသွားပြီး ဝမ်းနှုတ်ဆေးမသုံးထားရင် ဝမ်းသွားလို့ မရတော့တာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ပိုပြီး နားလည်လွယ်အောင် ပြောရရင် အူတွေ အပျင်းထူပြီး ဝမ်းနှုတ်ဆေးသုံးဖို့ကိုပဲ အကျင့်ပါသွားတာမျိုးပေါ့ ။
ဒီတော့ ဝမ်းနှုတ်ဆေးဆိုတာ သုံးတိုင်းမကောင်းတဲ့အကြောင်း သိပြီးပြီးဆိုတော့ ပင်မပြဿနာဖြစ်တဲ့ ဝမ်းချုပ်တာကို ဖြေရှင်းဖို့၊ ဝမ်းမှန်ဖို့က အရေးအကြီးဆုံးပါ။ ဝမ်းမှန်ဖို့ဆို အမျှင်ဓါတ်များများစားပါ ။ ရေများများသောက်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ အထိုင်မများပါနဲ့။ ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။