backup og meta

အစာမကြေခြင်းကို ဖြေရှင်းပေးမယ့် နည်းလမ်း ၇ သွယ်


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာမကြေခြင်းကို ဖြေရှင်းပေးမယ့် နည်းလမ်း ၇ သွယ်

    တကယ်လို့အစာစားပြီးတိုင်းပြည့်အင့်သလိုဖြစ်နေမယ်ဆိုရင် အစာမကြေခြင်းခံစားနေတာဖြစ်နိုင်ပါတယ်။ အစားစားပြီးတဲ့အခါ တစ်ခုခုသောက်ပြီးတဲ့အခါမှာ လေပွခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနဲ့တကွ ဝမ်းဗိုက်အပေါ်ပိုင်းမှာ နာကျင်လာတတ်တယ်။ တခါတလေမှာတော့ နာရီအနည်းငယ်အတွင်းကောင်းသွားတတ်ပါတယ်။ ဒါပေမယ့် တခါတလေပိုကြာတတ်ပြီး နေရထိုင်ရမသက်မသာဖြစ်စေတယ်။

    ကုသနည်းတွေကိုကြည့်လိုက်ရအောင်-

    ကျန်းမာရေးညီညွတ်သောကိုယ်အလေးချိန်ကိုထိန်းထားပါ

    အစာမကြေခြင်းဟာ အူမှအစာအိမ်ထဲသို့ပြန်ဆန်တက်လာတဲ့ အက်စစ်တွေကြောင့်ဖြစ်တယ်။ အူကိုပိုက်လုံးတစ်ခုလိုမြင်ကြည့်ပါ။ အလေးချိန်များနေတဲ့အခါ ပိုနေတဲ့အဆီတွေက အူကိုဖိပြီး ထိုအူထဲမှ အက်စစ်တွေကို အစာအိမ်ထဲကိုပြန်ဆန်တက်စေပါတယ်။ ကျန်းကျန်းမာမာ၊ ထိထိရောက်ရောက်အလေးချိန်ချတဲ့နည်းတွေအများကြီးှရိပါတယ်။ မိမိနဲ့သင့်တော်မယ့် ဝိတ်ချနည်းကို ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်တယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကျန်းမာရေးညီညွတ်မျှတသောအစာစားခြင်းက အကောင်းဆုံးအလေးချိန်ချနည်းဖြစ်တယ်လို့ ဆိုကြပါတယ်။

    ဆေးလိပ်ချက်ခြင်းဖြတ်ပါ။

    ဆေးလိပ်သောက်ခြင်းဟာ မရေတွက်နိုင်သော ကျန်းမာရေးပြနာတွေဖြစ်စေပြီး အစာမကြေခြင်းဟာလည်း ထိုထဲမှာတစ်ခုအပါအဝင်ဖြစ်တယ်။ ဆေးလိပ်မှာပါတဲ့ ကယ်မီကယ်တွေက အစာမျိုပြွန်ကြွက်သားတွေကိုအားနည်းစေပြီး အစာအိမ်မှအက်စစ်များပြန်မတက်အောင်တားထားတဲ့ ရှုံ့ကြွက်သားကိုလည်းအားလျော့စေတယ်။ ထိုအခါအစာများ၊ အက်စစ်များအလွယ်တကူပြန်ဆန်တက်ကုန်ပါတယ်။

    စားသောက်မှုပုံစံပြောင်းလဲ၊ အရက်လျှော့သောက်ပါ။

    အစာမကြေခြင်းဟာ အစားအစာတချို့ကြောင့်လည်းဖြစ်နိုင်တယ်။ အစာမကြေခြင်းပိုဆိုးစေပုံပေါ်တဲ့ အစားအစာ၊ သောက်စရာတို့ကိုမှတ်ထားပြီး တတ်နိုင်သမျှရှောင်သင့်ပါတယ်။ များသောအားဖြင့်

    • အဆီများသောအစာ၊ စပ်သောအစာများ
    • ကဖိန်းများသော ကိုကာ၊ ကော်ဖီ၊ လက်ဖက်ရည် စသည်
    • အယ်လ်ကိုဟော

    ဒါ့အပြင် အိပ်ခါနီးစားခြင်းလည်းရှောင်ပါ။

    သင့်အူဟာပိုက်လုံးတစ်ခုလိုဖြစ်နေမယ်ဆိုရင် လှဲနေတဲ့အခါမှာ အူထဲရှိအရာများပြန်ဆန်တက်ဖို့လွယ်သွားပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်ခြင်း နဲ့ တခြားအချက်တွေကြောင့် အစာမျိုပြွန်အားနည်းနေရင်ပေါ့။ ဆရာဝန်တွေက မအိပ်ခင် ၃၊ ၄ နာရီခန့်ကတည်းကမစားတော့ဖို့ အကြံပြုထားပါတယ်။

    လည်ပင်းမှာခေါင်းအုံးခုအိပ်ခြင်းဟာ ကြောရိုးအတွက်ကောင်းရုံမကဘဲ၊ အက်စစ်များပြန်ဆန်တက်ခြင်းကိုလည်းလျှော့ချပေးပါတယ်။ လည်ပင်းအောက်မှာ ပြေလျောတဲ့ခေါင်းအုံးတစ်လုံးထားခြင်းဟာ အိပ်နေစဉ် အစာမျိုပြွန်ထဲကိုအက်စစ်များပြန်ဆန်တက်ခြင်းကို တားဆီးပေးပါတယ်။

    စိတ်ဖိစီးမှု၊ ပူပန်မှုများလျှော့ပါ။

    ဦးနှောက်နဲ့အစာအိမ်ဆက်နေတယ်လို့တောင်ဆိုတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကို အစာအိမ်ကအရမ်းသိလွယ်ပါတယ်။ စိတ်ဖိစီးမှု၊ ပူပန်မှုတို့ဖြစ်နေရင် အစာမကြေဖြစ်လာတတ်တယ်။ အလုပ်များကိုအိမ်သို့သယ်မသွားဘဲ၊ ချစ်ခင်ရသူတွေနဲ့ လမ်းလျှောက်တာ၊ လျှောက်သွားတာမျိုးလုပ်ပေးသင့်ပါတယ်။

    လက်ရှိဆေးများပြောင်းလဲပါ။

    တခါတလေမှာ ဆေးတချို့ကြောင့် အစာမကြေရတာလည်းဖြစ်နိုင်တယ်။ ဒီလိုဆိုရင်တော့ ဆရာုဝန်က ဆေးပြောင်းဖို့အကြံပေးပါလိမ့်မယ်။ ဥပမာ aspirin, ibuprofen. ဒါပေမယ့် ဆရာဝန်နဲ့အရင်တိုင်ပင်ပါ။

    ချက်ခြင်းသက်သာစေနည်း

    အမှာစကားတစ်ခုခုပြောခါနီးမှာ လိပ်ပြာတွေပျံနေသလို အစာအိမ်ထဲမှာခလောက်ဆန်နေတယ်ဆိုပါစို့၊ ဒီလိုအချိန်မှာ ချက်ခြင်းသက်သာစေနိုင်တဲ့နည်းရှိပါတယ်။ သင့်နေထိုင်မှုပုံစံနဲ့ လက်ရှိသောက်နေတဲ့ဆေးတွေကိုကြည့်ပြီး ဆရာဝန်ကနည်းတချို့လမ်းညွှန်ပေးပါလိမ့်မယ်။ ပုံမှန်သုံးလေ့ရှိတာကတော့ antacid နဲ့ alginate တို့ဖြစ်တယ်။

    Antacid ဟာအစာမကြေခြင်းအတွက် သုံးလေ့ရှိတဲ့ဆေးဖြစ်တယ်။ တချို့ antacid တွေမှာ alginate လို့ခေါ်တဲ့ဆေးတစ်မျိုးပါတယ်။ ထိုဆေးက သင့်အစာအိမ်ထဲက အက်စစ်တွေကိုထိန်းညှိပေးပြီး အစာခြေစနစ်ကိုမထိခိုက်အောင် လုပ်ပေးတယ်။ Antacid တွေရဲ့အာနိသင်က များသောအားဖြင့် နာရီအနည်းငယ်ကြာအောင်ခံတာမို့ တစ်ကြိမ်ထက်ပိုသောက်ဖို့တော့ လိုကောင်းလိုနိုင်ပါတယ်။ အများကြီးမသောက်မိဖို့ ဆေးအညွှန်းကိုသေချာဖတ်ဖို့တော့လိုပါလိမ့်မယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement