ဆီးချိုလူနာတွေ အခက်ကြုံရတဲ့အထဲမှာ ဒီကော်ဖီ၊ လက်ဖက်ရည်သောက်တဲ့ ကိစ္စလည်း ပါပါတယ်။ အရင်တည်းက သောက်လာပြီး မိုးလင်းလို့ တစ်ခွက်လောက် သောက်လိုက်ရမှ ခေါင်းကြည်တာဆိုတဲ့သူနဲ့တွေ့ရင် ပိုဆိုးသေး။ ပြီးတော့ အများစုက ကော်ဖီမှုန့်ကို သောက်တာထက်စာရင် 2 in 1တို့ 3 in 1တို့ သောက်ကြတာဆိုတော့ တော်တော်လေး ကိုင်တွယ်ရခက်တဲ့ ကိစ္စထဲမှာပါပါတယ်။