GI 70/ GL 20နဲ့ အထက် သစ်သီးတွေကတော့
GI / GL တွေ သိတော့ ဘာကောင်းလဲဆိုတော့ ဘယ်လောက်စားရမလဲ၊ ဘယ်လောက်ပမာဏ စားလို့ရလဲဆိုတာ မှန်းလို့ရတာပေါ့။ GI / GL များတဲ့ အသီးတွေက စားလို့မရတာ မဟုတ်ပေမယ့် စားမယ်ဆို ဆီးချိုကောင်းမှ၊ ထမင်းကြီးနဲ့ ဝေးဝေး၊ ပမာဏ နည်းနည်းနဲ့ ရံဖန်ရံခါပဲ စားသင့်တဲ့အသီးတွေပါ။ သူ့ထက်စာရင် GI / GL နည်းတဲ့ သစ်သီးတွေက ပိုစားလို့ရတာပေါ့။ နောက်ဒီစာရင်းထဲမှာ မပါပေမယ့် လျှော့စားရမယ့် အသီးတွေက ဒူးရင်းသီးတို့ သရက်သီးတို့ပါပဲ။
စားနိုင်တဲ့ အသီးတွေကို သိပြီးပြီဆိုရင် ပမာဏကို ဆက်ပြောပြပါ့မယ်။ ပမာဏကတော့ အစားများတဲ့ အသီးတွေကိုပဲ ပြောပြပေးပါမယ်။ ကျန်တဲ့ ကိုယ်စားချင်တဲ့ အသီးရှိရင် အာဟာရဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။ အပလီကေးရှင်းတွေကနေလည်း သကြားဓာတ်ပမာဏ၊ တစ်ခါစားစာ တွက်လို့ရပါတယ်။
ဥပမာ – ပန်းသီး အလုံးသေး တစ်လုံး၊ လိမ္မော်သီး (ပျားလိမ္မော် မဟုတ်ပါ) တစ်လုံး၊ မာလကာသီး တစ်ခြမ်း၊ ငှက်ပျောသီး တစ်ဝက်၊ နှင်းသီး သုံးလုံး၊ ကြက်မောက်သီး ၄ လုံး၊ မင်းဂွတ်သီး ၄ လုံး၊ ကျွဲကောသီး နှစ်စိပ်၊ ပန်းသစ်တော် တခြမ်း၊သင်္ဘောသီး ၄ တုံး၊ စပျစ်သီး အသေး ၁၅ လုံး၊ အကြီး ၇-၈ လုံး စတာတွေ စားလို့ရပါတယ်။ ဒါတွေကို ကိုယ့်ရဲ့ဆီးချိုအခြေအနေနဲ့ ချိန်ဆပြီး စားနိုင်ပါတယ်။
သစ်သီးတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားနိုင်မယ်ဆိုရင် သူ့မှာ ပါတဲ့ အာဟာရဓာတ်တွေကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။