အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

အသက်ရှူလမ်းကြောင်းပိုးဝင်တယ်ဆိုတာ အဆုတ်၊ ရင်ခေါင်း၊ မျက်နှာလေအိတ်၊ နှာခေါင်းနဲ့ လည်ချောင်းမှာ ဖြစ်တတ်တဲ့ ပိုးဝင်ကူးစက်ခြင်းတွေပဲ ဖြစ်ပါတယ်။ ရက်တိုလည်း ဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းပိုးဝင်တာနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ

ခိုဆိုတာ မြန်မာနိုင်ငံရဲ့  နေရာတော်တော်များများမှာ တွေ့နိုင်တဲ့ ငှက်အမျိုးအစားပါ။ ဒီမှာက ခိုစာကျွေးတဲ့အလေ့အထရှိတဲ့အပြင် အိမ်နေမှာပါ ပေးနေကြတာကြောင့် လူတွေနဲ့ တော်တော်ကြီး နီးနီးကပ်ကပ်ကို ရှိနေတာပါ။ ဒါပေမဲ့ ဒီခိုတွေက လူတွေကိုတော့ ကောင်းကျိုးမပေးပါဘူး။ ခိုကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါများ က လူတွေကို အသက်အန္တရာယ်ဖြစ်စေသည်အထိ ပြင်းထန်ပါတယ်။ ခိုကနေ ရောဂါတွေ ဘယ်လိုကူးသလဲ ခိုချေးတွေကို ရှူမိရာကနေတဆင့် ကူးတာပါ။ လတ်လတ်ဆတ်ဆတ် ချေးတွေထက်စာရင် ခြောက်သွားတဲ့အခါ အမှုန်အမွှားတွေ ဖြစ်ပြီး ဒါကို ရှူမိရင် အဆုတ်ထဲရောက်ပြီး ကူးစက်တတ်ပါတယ်။ အဲ့ကနေမှ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပြီး ရောဂါဖြစ်စေပါတယ်။ ခိုတွေနဲ့ အနီးကပ်နေတဲ့သူတွေမှာ ဖြစ်နိုင်ခြေ များပါတယ်။ အထူးသဖြင့် ခုခံအားကျတဲ့သူဆိုရင် ပိုသတိထားသင့်ပါတယ်။။ သာမန်လူတွေမှာ ရောဂါဖြစ်နိုင်ခြေ နည်းပေမဲ့ ခုခံအားကျနေရင်တော့ ကူးစက်လွယ်ပါတယ်။ ဥပမာ HIV/ AIDS […]

အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ ကို ရှာဖွေမည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

လည်ချောင်းနာပြီး နှာပိတ်နေပြီဆို ပလုပ်ကျင်းပါ

လည်ချောင်းနာပြီး နှာပိတ်နေပြီဆို ပလုပ်ကျင်းပါ .... အအေးမိဖျားနာတာနဲ့ ရာသီတုပ်ကွေးရောဂါတွေက ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ အအေးမိဖျားနာတဲ့အခါ လည်ချောင်းနာတာ၊ နှာစေးတာ၊ နှာခေါင်းပိတ်တာနဲ့ ချောင်းဆိုးတာတွေကိုပါ ခံစားရနိုင်ပါတယ်။ တစ်ခါတလေ တုပ်ကွေးဖြစ်တာကလည်း သာမန်အအေးမိဖျားနာတာကြောင့်ဖြစ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ ဒါပေမယ့် တုပ်ကွေးဖြစ်တဲ့အခါ အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေအပြင် အဖျားတက်တာ၊ ခေါင်းကိုက်တာနဲ့ ကိုယ်လက်တွေကိုက်ခဲနာကျင်တာမျိုးကိုပါ ခံစားရနိုင်ပါတယ်။ ဒီလို ဝေဒနာတွေခံစားရတဲ့အခါ မဖြစ်မနေဆေးခန်းသွားပြဖို့လိုမလား။ တော်ရုံအဖျားလောက်ကိုတော့ ဆေးသောက်တာ၊ အနားယူတာ၊ အာဟာရပြည့်ဝအောင် စားသုံးတာမျိုး လုပ်ပေးပြီး သက်သာအောင်လုပ်ပေးလို့ရပါတယ်။ အအေးမိဖျားနာကင်းဝေးအောင်လုပ်လို့ရတဲ့ နောက်ထပ်နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ပလုပ်ကျင်းတာပဲ ဖြစ်ပါတယ်။ လည်ချောင်းနာပြီး နှာပိတ်နေပြီဆို ပလုပ်ကျင်းပါ လည်ချောင်းနာပြီး နှာပိတ်နေပြီဆို ပလုပ်ကျင်းပါ ။ ဘာကြောင့်လဲဆိုတော့ လည်ချောင်းနာတာာ၊ နှာစေးနှာပိတ်ဖြစ်နေတာတွေက အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ဗိုင်းရပ်စ်တွေ ဝင်လာပြီလို့ ပြောချင်တာပါ။ ဒီကနေ အဆုတ်အတွင်းထဲကို […]


အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် ဒီလိုကာကွယ်ပါ

ဘယ်သူတစ်ဦးတစ်ယောက်မှတော့ ကိုယ့်ကြောင့် ကိုယ်ချစ်ခင်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖျားနာတာကိုမြင်ချင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်ဖျားနာလို့ စိတ်ညစ်ပါတယ်ဆိုမှာ ကိုယ့်ကြောင့်သူတို့တွေဖျားရင် အားနာရတဲ့စိတ်ကတော်တော်လေး စိတ်မကောင်းဖြစ်စေတယ်နော်။ ဒီလိုမျိုး အားနာစိတ်မကောင်းဖြစ်ရတာမျိုးမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေ သိထားဖို့လိုမယ်ထင်တယ်နော်။ ဒါမှ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့သူတွေ ဖျားနာမှုခံစားရတာကနေ ကင်းဝေးစေမှာပါ။ ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် ဒီလိုကာကွယ်ပါ ... ရောဂါပိုးတွေက ဘယ်လိုပြန့်နှံ့တာလဲ အဓိကကတော့ လူတစ်ယောက်ဆီကနေလူတစ်ယောက်ဆီကိုချောင်းဆိုးတာ နှာချေတာတွေကနေတဆင့်ရောဂါပိုးတွေကလေထဲမှာပြန့်နှံ့သွားပြီး ကူးစက်တာပါ။ ဖျားနာနေတဲ့လူချောင်းဆိုး နှာချေမှုကြောင့် ခန္ဓါကိုယ်ြပင်ပကိုရောက်လာတဲ့ရောဂါပိုးတွေကလေထဲကနေတဆင့် လွှင့်သွားပြီး အနီးမှာရှိနေတဲ့သူတွေရဲ့ ပါးစပ်နဲ့နှာခေါင်းတွေဆီကိုရောက်ရှိသွားပြီး ကိုယ်တွင်းကို ကူးစက်ဝင်ရောက်တာပါ။ ရောဂါရှိသူရဲ့ တံတွေး၊ နှာရည်တို့ထိတွေ့ထားတဲ့နေရာတွေကို ထိတွေ့မိမှုကနေတဆင့်လည်း အဖျားကူးစက်နိုင်ပါသေးတယ်။ အအေးမိတုပ်ကွေးြဖစ်စေတဲ့ ဗိုင်းရပ်စ်တွေက တံခါးလက်ကိုင်ဖုတွေ၊ စားပွဲခုံတွေနဲ့ ထိုင်ခုံလိုမျိုးနေရာတွေမှာ ၂ နာရီကြာအထိရှင်သန်နေနိုင်ပါတယ်။ အချို့ဗိုင်းရပ်စ်တွေဆိုရင်ပြင်ပလေထုထဲမှာ အချိန် ၂ နာရီကျော်တဲ့ အထိရှင်သန်နေနိုင်ပါတယ်။ ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် […]


အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ) ကဘာလဲ။ ကြက်ညှာချောင်းဆိုးရောဂါသည် နှာခေါင်းနဲ့လည်ချောင်းကနေတစ်ဆင့် ဝင်သော ကူးစက်မြန် အသက်ရှုလမ်းကြောင်းရောဂါ ကူးစက်ရောဂါတစ်ခုဖြစ်သည်။ အများစုမှာတော့ အက်သံပါအောင်ချောင်းဆိုးခြင်းရဲ့နောက်မှာ အသက်ရှူသံပြင်းပြင်းလိုက်လာခြင်းမျိုး ဖြစ်ပါတယ်။ ကူးစက်လွယ်တတ်ပေမဲ့ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကဲ့သို့သော ကာကွယ်ဆေးနဲ့ ကလေးတွေအရွယ်ရောက်ပြီးသူတွေမှာ မဖြစ်အောင်ကာကွယ်ထားနိုင်ပါတယ်။   Whooping Cough (ကြက်ညှာချောင်းဆိုးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ။ မွေးကင်းစအရွယ်တွေနဲ့ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပေမဲ့ ဘယ်အရွယ်မဆိုဖြစ်နိုင်ပါတယ်။ ဖြစ်စေတတ်တဲ့အကြောင်းတွေကိုရှောင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ထပ်ပြီးသိလိုသည်တို့ကို ဆရာဝန်နဲ့ ပြသဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများWhooping Cough (ကြက်ညှာချောင်းဆိုးရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ။ ကူးစက်ခံရပြီး ဆယ်ရက်လောက်ကြာမှ လက္ခဏာတွေပေါ်လာတတ်ပါတယ်။ အစောပိုင်းအဆင့်မှာဆိုရင် အအေးမိတဲ့လက္ခဏာလောက်သာ ပြတတ်ပါတယ်။ နှာရည်ကျခြင်း နှာပိတ်ခြင်း မျက်စိနီခြင်း၊မျက်ရည်ပူထွက်ခြင်း ဖျားခြင်း ချောင်းဆိုးခြင်း တစ်ပတ်နှစ်ပတ်အကြာမှာတော့ လက္ခဏာတွေ ပိုဆိုးလာပါတယ်။ အချိန်အကြာကြီး ပြင်းပြင်းထန်ထန်ချောင်းဆိုးရခြင်းကြောင့် အန်ခြင်း မျက်နှာနီလာခြင်း(သို့)ပြာသွားခြင်း အလွန်မောပန်းနွမ်းနယ်ခြင်း ချောင်းဆိုးပြီးနောက် အသက်ရှူသံပြင်းပြင်းထွက်ခြင်း နို့စို့ကလေးအရွယ်မှာတော့ချောင်းဆိုးတာကို မတွေ့ရတတ်ပါဘူး။ အသက်ရှုဖို့ ခက်တာတွေ၊ အသက်ရှူခဏရပ် သွားတာမျိုးတွေပဲ တွေ့ရတတ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားလက္ခဏာတွေလည်းရှိနိုင်သေးပါတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် […]


အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ) ကဘာလဲ။ ကြက်ငှက် တုပ်ကွေးရောဂါဆိုတာ Avian flu လို့လည်း သိထားတဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ငှက်မျိုးစိတ်တွေကြား မှာပျံ့နံ့တတ်ပြီး ကူးစက်တဲ့ငှက်ဟာ ဒီရောဂါနဲ့ သေဆုံးတတ်ပါတယ်။ အချို့ပိုးတွေဟာ ငှက်မှာပဲဖြစ်လေ့ရှိပြီး အချို့ ကတော့ လူနဲ့ တိရိစ္ဆာန်တွေကိုပါ ကူးစက်နိုင်ပါတယ်။ သေဆုံးမှုလည်းများနိုင်ပါတယ်။ ဥပမာ H5N1နဲ့ H7N9 တို့ဖြစ်ပါတယ်။ ရောဂါရနေတဲ့ငှက်ကို လူမျက်စိနဲ့အကဲခတ် နိုင်ဖို့ခက်ခဲပါတယ်။ ဘာကြောင့်ဆိုတော့ ငှက်တွေဟာ ပိုးကူးခံရလို့ဖျားနာခြင်းမရှိပဲ ကျန်းမာနေပုံ ပေါက်နေနိုက်တာကြောင့် ဖြစ်ပါတယ်။ Bird Flu (ကြက်ငှက်တုပ်ကွေးရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ရောဂါဖြစ်နေတဲ့ငှက်ရဲ့ စွန့်ထုတ်ပစ္စည်းတွေကို ထိမိတဲ့လူတွေမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်နိုင်ပါတယ်။ ကျားမ၊ အသက်အရွယ် မရွေး ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ဖို့ အလားအလာရှိပါတယ်။ 1997 ခုနစ်က ပထမဆုံးလူမှာ စဖြစ်တဲ့ အချိန်က ကူးစက်ခံရသူ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်