လက်ရှိ အမေရိကန် FDA ရဲ့ ထောက်ခံချက်အရဆိုရင် မက်ဆာချူးဆက်ပြည်နယ် ကမ်းဘရစ်ချ်မြို့အခြေစိုက် Moderna ရဲ့ ဆေးဝါးဟာ ရောဂါကာကွယ်နိုင်စွမ်းအမြင့်ဆုံးအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ FDA ရဲ့ ထောက်ခံချက်အရ အဆိုပါဆေးဝါးဟာ စိတ်ချရမှုအပိုင်းနဲ့ ရောဂါကာကွယ်နိုင်စွမ်း စွမ်းဆောင်ရည်သတ်မှတ်ချက် ၉၄.၅% အထိ ရှိတယ်လို့ဆိုပါတယ်။
စေတနာ့ဝန်ထမ်းပေါင်း ၃၀၃၅၀ ကို စမ်းသပ်မှုပြုလုပ်ခဲ့တဲ့ရလဒ်တွေအရ Moderna ရဲ့ ဆေးဝါးဟာ အဆိုပါရလဒ်ကောင်းမျိုးထွက်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ FDA ကတော့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သက်လို့လည်း စိတ်ပူစရာမရှိပဲ စိတ်ချရတဲ့ ဆေးဝါးလို့ ဆိုခဲ့ပါတယ်။
FDA ကတော့ သူတို့အနေနဲ့ Moderna ရဲ့ ဆေးဝါးကို အရေးပေါ်ခွင့်ပြုချက်မဟုတ်ပဲ တရားဝင်ခွင့်ပြုချက်ပေးဖို့ စဉ်းစားနေပြီလို့ ဆိုထားပါတယ်။ ဒါ့အပြင် Moderna ရဲ့ ဆေးဝါးဟာ တခြားဆေးဝါးတွေလိုမျိုး ပြင်းထန်တဲ့ အအေးခန်းမျိုးမှာ ထိမ်းသိမ်းဖို့လည်း မလိုအပ်တာမို့ အကောင်းဆုံးကာကွယ်ဆေးအဖြစ် ယူဆခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ထိပ်တန်းသတင်းစာကြီးတစ်စောင်ဖြစ်တဲ့ New York Times သတင်းစာကြီးကတော့ Moderna ရဲ့ ဆေးဝါးဟာ စမ်းသပ်မှုပြုလုပ်နေစဉ်အတွင်း လူသေဆုံးမှု ဖြစ်စဉ်ရှိခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။