backup og meta

ဆောင်းအအေး နဲ့ ကိုဗစ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းအအေး နဲ့ ကိုဗစ်

    ဆောင်းအအေး နဲ့ ကိုဗစ် ….. မိုးကုန်လို့ အခုဆို မနက်ခင်းနဲ့ ညဘက်တွေမှာ ဆောင်းလေ နုနုအေးအေးလေးတွေ တိုက်ခတ်နေပြီး ဆောင်းအငွေ့အသက်ကို ခံစားနေရပြီနော်။ သီတင်းကျွတ်ပြီးမှတော့ ဆောင်းကရောက်လာပြီပေါ့။

    အရင်ဆို ဆောင်းရောက်လာတာက ပျော်စရာကောင်းပေမယ့် အခုလို ကိုဗစ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်မှာတော့ ဆောင်းရောက်လာတာက ကိုဗစ်ကို ပိုဆိုးစေမလားဆိုတဲ့ စိုးရိမ်မှုတွေ လူတိုင်းမှာ ရှိနေမယ်ထင်ပါတယ်။ ဒီစိုးရိမ်မှုက တကယ်ကို ဖြစ်လာမလား။ ဆောင်းရာသီရဲ့ အအေးဒဏ်က ကိုဗစ်ကို ပိုဆိုးစေနိုင်မလားဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    ဆောင်းအအေး နဲ့ ကိုဗစ်

    ကိုဗစ်က အခုထိလည်း အအေးပိုင်းနိုင်ငံတွေဖြစ်တဲ့ အနောက်ဥရောပဒေသတွေမှာ ဖြစ်ပွားသူ အရေအတွက် တိုးလာနေဆဲပါ။ အကြောင်းကတော့ lockdownတွေကို ဖြေလျှော့ပေးလိုက်တာရယ် ဆောင်းကာလကို ရောက်လာတာကြောင့်ရယ်ပေါ့။

    Covid – 19 ကို မပြောခင် ဖြစ်နေကျ ရာသီတုပ်ကွေးကိုပဲ အရင်ကြည့်ရအောင်။  နွေရာသီမှာ အပူရှပ်တာကလွဲလို့ အအေးမိတာ၊ တုပ်ကွေးဖြစ်တာက မရှိသလောက်နော်။ ဆောင်းအေးတဲ့ အငွေ့အသက်လေး စလာပြီဆိုရင် နှာချေပြီ၊ နှာစေးပြီ၊ ချောင်းဆိုးပြီ။ ပြီးရင် ဖျားချင်သလိုလိုဖြစ်မယ်။ တုပ်ကွေးဖြစ်မယ် စတဲ့ ပြဿနာတွေကို အမြဲလိုလို ခံစားရတယ်နော်။

    တုပ်ကွေးကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်က အအေးကြိုက်တယ်၊ အေးမြတဲ့ ရာသီဥတုအခြေအနေမှာ ပိုမိုရှင်သန်ပြန့်နှံ့နိုင်တဲ့ သဘောပဲလေ။ ရန်ကုန်လိုနေရာမှာ သိပ်မသိသာပေမယ့် ဆောင်းတွင်းရောက်ရင် နေပြောက်တောင် မကျတဲ့ ဒေသတွေမှာဆိုရင် အခုလို ဆောင်းကာလမှာ ဗီတာမင် D ကို ရဖို့ ခက်သွားပြီး ဒီအခြေအနေက ကိုယ်ခံအားကို ကျစေတာမျိုး ဖြစ်လာနိုင်တယ်။

    ရာသီဥတု အေးတဲ့အခါ သွေးကြောလေးတွေက ကျုံ့သွားပြီး သွေးစီးဆင်းမှုကို နှောင့်နှေးစေတာ၊ နှလုံးကို သွေးတွေ ပိုညှစ်ထုတ်ရစေတာတွေကို ဖြစ်စေပါတယ်။ ဒီအနေအထားက သွေးတိုးတာကိုဖြစ်စေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။

    ရာသီဥတုအေးတာ၊ အေးတဲ့ အနေအထားနဲ့ ထိတွေ့မှု များတာက ဖျားနာတာကိုဖြစ်စေနိုင်ပါတယ်။  အေးမြခြောက်သွေ့တဲ့လေက အသက်ရှူလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားတဲ့အခါ ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ ပါသွားပြီး ကိုယ်ခံအားကို ထိခိုက်စေလို့ ရောဂါတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။

    ဒါ​ကြောင့် ဆောင်းအေးအေးမှာ အသက်ရှူလမ်းကြောင်းကို မတ်ခ်တပ်တာမျိုး၊ ရေများများသောက်တာမျိုးတွေ လုပ်ပြီး ကျန်းမာအောင် ဂရုစိုက်သင့်ပါတယ်။ လူစုလူဝေးတွေရှိတဲ့နေရာကို မသွားသင့်ပါဘူး။

    အေးတဲ့ကာလမှာ လူစုလူဝေးဖြစ်တဲ့နေရာက ရောဂါ ကူးစက်လွယ်ပါတယ်။ အကြောင်းကတော့ ရောဂါပိုး ရှိသူက နှာချေ၊ ချောင်းဆိုးတဲ့အခါ ဗိုင်းရပ်စ်ရဲ့ ပြန့်နှံ့နိုင်စွမ်းက အခြားအချိန်တွေထက် ပိုမြန်တာ၊ အေးတာကြောင့်ရော နေရောင်ခြည်မရတာကြောင့်ရောပါ ကိုယ်ခံအားက ကျနေနိုင်တာကြောင့်ပါ။

    ဒီတော့ ဆောင်းတွင်းမှာ ကြက်ငှက်တုပ်ကွေးအပါအဝင်၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေ ပျော်ကြတယ်။ ဒီကာလမှာ ပတ်ဝန်းက အေးမြခြောက်သွေ့ပြီး တစ်နေရာကနေ တစ်နေရာကို အလွယ်တကူ ပြန့်နှံနိုင်တယ်။ ဗိုင်းရပ်စ်ဆိုတာကလည်း အရွယ်အစား ခပ်သေးသေးကိုး။

    အခုကိုဗစ်ကို ဖြစ်စေတဲ့  SARS-CoV-2 ဗိုင်းရပ်စ်ကလည်း တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ တည်ဆောက်ပုံ အရွယ်အစား ခပ်ဆင်ဆင်ပါ။ ဓာတ်ခွဲစမ်းသပ်မှုတွေအရကတော့ ကိုရိုနာဗိုင်းရပ်စ် အပါအဝင် တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက ပူနွေးမှုနဲ့ စိုထိုင်းမှုမြင့်တဲ့ အနေအထားမှာ ကောင်းကောင်း မရှင်သန်နိုင်ပါဘူး။

    ဒါပေမယ့် အခန်းအပူချိန်မှာတော့ ရက်အတော်ကြာ ရှင်သန်နိုင်ပါတယ်။ အပူချိန် ၄ ဒီဂရီစင်တီဂရိတ် နဲ့ အဲ့အပူချိန်အောက် နည်းတဲ့ အပူချိန်မှာတော့ တစ်လကျော်အထိ ရှင်သန်နိုင်စွမ်းရှိကြတယ်၊လို့ သိရပါတယ်။

    အခုထိ လေ့လာမှုတွေအရကတော့ ကိုဗစ်ရောဂါကို ဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ဟာ အေးမြခြောက်သွေ့တဲ့ အနေအထားကို နှစ်သက်ပြီး နေရောင်ရှိနေရင်တောင် ဒီလို အခြေအနေမှာ အလွယ်တကူ ပြန့်နှံနိုင်ပါတယ်။

    ကိုဗစ်ကို ဖျက်ဆီးနိုင်မှာက လူလုပ် ခရမ်းလွန်ရောင်ခြည်တွေပါ။ ကိုဗစ်ဗိုင်းရပ်စ်ဟာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် နဲ့ အောက်မှာဆိုရင် လေထုထဲမှာရော မျက်နှာပြင်တွေမှာပါ ပိုပြီး ကြာကြာရှင်သန်နိုင်ကြပါတယ်။

    ဆောင်းတွင်းရောက်လာရင် ပတ်ဝန်းက အေးမြခြောက်သွေ့တာ နေရောင်ရရှိမှုနည်းတာတွေက ကိုဗစ်အန္တရာယ်ကို ပိုကြီးလာစေနိုင်ပါတယ်။ ဒါကြောင့် ဆောင်းအအေးဒဏ်မှာ ကိုဗစ်ကို အကောင်းဆုံး ကာကွယ်နိုင်ဖို့အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

    ဆောင်းတွင်းမှာ ကိုဗစ်ကို သေချာ ကာကွယ်ပါ။

    ဆောင်းတွင်းရဲ့ အေးမြမှုက ကိုဗစ်ဗိုင်းရပ်စ်ကို အားဖြည့်ပေးနိုင်တာကြောင့် ကိုဗစ်ကို ကာကွယ်ဖို့ဆိုရင်

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 22/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement