လက်ဆေးရင်းနဲ့ လုပ်မိတတ်တဲ့ အမှား ၆မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read
Share now

အားလုံးသိကြတဲ့အတိုင်း COVID – 19 ကို ကာကွယ်နိုင်သော ကာကွယ်ဆေး၊ ပိုးကိုတိုက်ရိုက်သေစေနိုင်သော ပိုးသတ်ဆေးတွေဟာ ယနေ့ထိ ကမ္ဘာမှာ စမ်းသပ်ဆဲအဆင့်ပဲ ရှိပါသေးတယ်။ တစ်ကမ္ဘာလုံးမှာ အလျင်အမြန် ကူးစက်‌နေတဲ့ COVID – 19 ရန်က လွတ်မြောက်ဖို့ တစ်ခုတည်းသော နည်းလမ်းဟာ ရောဂါပိုး မကူးစက်‌အောင် ကာကွယ်ခြင်းပါပဲ။ ကာကွယ်ခြင်းနည်းလမ်းများစွာထဲကမှ အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံးဟာ လက်ဆေးခြင်းပါ။ အခြားကာကွယ်နိုင်မယ့်နည်းလမ်းတွေကတော့ social distancing -ခပ်ခွာခွာနေခြင်း(၆ပေအကွာ)၊ mask တပ်ခြင်း နဲ့ ထိတွေ့ကိုင်တွယ်မှုများသော မျက်နှာပြင်များကို ပိုးသန့်စင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ လက်ဆေးခြင်းက လူတိုင်းအလွယ်တကူ ပြုလုပ်နိုင်ပြီး အင်မတန်မှလည်း အရေးကြီးတာကြောင့် နည်းစနစ်တကျမှန်ကန်စွာ ဆေးကြောတတ်ဖို့ လိုအပ်လာပါတယ်။ လက်ကို စနစ်တကျမှန်ကန်စွာ ဆေးကြောနေကြပါရဲ့လား။ ပိုးတကယ်ကင်းစင်သွားနိုင်အောင် ဆေးတာလား။ အဖြစ်သဘောမျိုးပဲ ဆေးမိလိုက်တာလား။ သတိမထားလိုက်မိဘဲ မှားတတ်တဲ့ အမှားလေးတွေကြောင့် လက်တော့ဆေးပါရဲ့၊ ပိုးမကင်းစင်သွားဘူးဆိုတဲ့ အဖြစ်မျိုးမဖြစ်ရလေအောင် လက်ဆေးရင် မှားတတ်တဲ့ အမှား ၆ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁. လက်ကို မကြာခဏ မဆေးမိခြင်း။

နေ့တစ်နေ့တာမှာ လက်ချောင်းလေးတွေဟာ အရာဝတ္ထုပေါင်းစုံနဲ့ ထိတွေ့ကိုင်တွယ်မိတတ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ မိမိလက်နဲ့ မိမိရဲ့ မျက်နှာကို မကိုင်ခင် အထူးသဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို မကိုင်ခင်နဲ့ ဘယ်အရာဝတ္ထုကိုမဆို ကိုင်တွယ်ပြီးတိုင်း လက်ကို ရေနဲ့ဆပ်ပြာ သို့မဟုတ် အရက်ပြန် ၆၀% အနည်းဆုံးပါဝင်တဲ့ လက်သန့်ဆေးရည်နဲ့ ဆေးဖို့လိုပါတယ်။

၂. ဆပ်ပြာချွေတာလွန်းခြင်း

ရေအေးနဲ့ပဲ ဆေးဆေး ရေနွေးနဲ့ပဲ ဆေးဆေး အမြှုပ်ထွက်နိုင်တဲ့ အထိ ဆပ်ပြာကို လုံလုံလောက်လောက်သုံးပါ။ လက်မှာကပ်တွယ်နေတဲ့ အဆီ၊ အညစ်အကြေး နဲ့ ပိုးမွှားတွေအထိဖယ်ရှားနိုင်ဖို့အတွက် အမြှုပ်ထတဲ့ ပွတ်တိုက်ဆေးကြောပေးဖို့လိုပါတယ်။

၃. လက်တစ်ခုလုံး နေရာနှံ့အောင် မဆေးမိခြင်း

“ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မကျန်ရ၊ ကုတ်၍ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ” ဆိုတဲ့ ကဗျာလေးအတိုင်း လက်ရဲ့နေရာအနှံ့ကို ဆေးဖို့လိုပါတယ်။ ဒါ့အပြင် ယခုလို ရောဂါပိုးမွှားတွေ ထူပြောနေချိန်မှာ လက်သည်းအရှည်မထားသင့်ပါဘူး။ လက်သည်းအောက်မှာ ပိုးမွှားတွေ ကပ်ကျန်ခဲ့နိုင်လို့ပါ။

၄. လက်ကို စက္ကန့် ၂၀ ကြာအောင် မဆေးမိခြင်း။

လက်မှာ ကပ်တွယ်နေတဲ့ ရောဂါပိုးမွှားတွေ ကင်းစင်ဖို့အတွက် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လက်ကို ပွတ်တိုက်ဆေးကြောပေးဖို့ လိုပါတယ်။ ကလေးများ ကိုယ်တိုင်‌လက်ဆေးတဲ့ အခါ Timing မှတ်ရလွယ်အောင် “ Happy Birthday” မွေးနေ့ဆုတောင်းသီချင်းကို ၂ခေါက်ရွတ်ပြီးဆေးခိုင်းတာမျိုး လေ့ကျင့်ပေးနိုင်ပါတယ်။

၅. လက်ကို‌ရေနှင့် စင်ကြယ်စွာ မဆေးမိခြင်း

လက်ကို ဆပ်ပြာနဲ့ အမြှုပ်ထွက်အောင် ပွတ်တိုက်ဆေးပြီးနောက်မှာ ဆပ်ပြာကင်းစင်တဲ့အထိ ရေနဲ့ ပြန်လည်ဆေးကြောဖို့လည်း အရေးပါတယ်။

၆. လက်ကို အခြောက်မခံမိခြင်း။

လက်အစိုမှာ ရောဂါပိုးတွေဟာ ပိုမို ပျော်မွေ့ပါတယ်။ ဒါကြောင့်မို့ လက်ဆေးပြီးတိုင်း လက်ကို ခြောက်သွေ့အောင် လုပ်ဖို့အရေးကြီးပါတယ်။ မိမိရဲ့နေအိမ်မှာ ဆိုရင်တော့ သန့်ရှင်းတဲ့ hand towel နဲ့ ရေခြောက်အောင် သုတ်ပေးပါ။ အများပြည်သူသုံးသန့်စင်ခန်းလိုမျိုးမှာဆိုရင်တော့ electric hand dryer ထက် tissue စက္ကူသုံးပေးနိုင်ရင် ပိုကောင်းပါတယ်။

လက်ကို နည်းစနစ်တကျ ဆေးကြောပြီး Covid19 သာမက ရောဂါပိုးပေါင်းစုံ ကူးစက်ခြင်းမှ ကာကွယ်နိုင်ကြပါစေ။

ရေးသားသူ – Dr. Saint

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

COVID-19 Outbreak updates
Country: Myanmar
Data

41,008

Confirmed

21,144

Recovered

1,005

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 ကာလ ရွေးကောက်ပွဲမှာ ဘေးကင်းရန်ကွာမဲပေးဖို့ဆိုရင်

တစ်နိုင်ငံလုံးအတွက် အရေးပါလှတဲ့ ရွေးကောက်ပွဲကြီးကာလမှာ COVID-19 ကြောင့် စိုးရိမ်ပူပန်နေရပါတယ်။ ဒီရွေးကောက်ပွဲမှာ ဘေးကင်းစွာမဲပေးနိုင်ဖို့က အရေးကြီးလှပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 3 mins read

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ဗိုက်အဆီ တက်လာတဲ့ ကိစ္စ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ Hello ပရိသတ်တွေအတွက် အကြံပြုချက်လေး တချို့ကို ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

Covid စတေးဟုမ်းကာလအတွင်း သားဆက်ခြားနည်းပြဿနာမတက်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

Covid -19 ရောဂါအန္တရာယ် ကာကွယ်နိုင်ဖို့ အိမ်မှာပဲနေရတဲ့ အချိန်အတွင်း အိမ်ရှင်မတွေ ကြုံတွေ့ရတဲ့အခက်အခဲတစ်ခုက သားဆက်ခြားခြင်း(သန္ဓေတားခြင်း)ပါပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 14, 2020 . 2 mins read

ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

ကိုဗစ်ရဲ့ ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုးတာက အဓိကလက္ခဏာတစ်ခုပါ။ ဆေးစစ်ဖို့ အိမ်မှာ စောင့်ဆိုင်းနေချိန် အိမ်တွင်းနည်းလမ်းများနဲ့ သက်သာအောင်လုပ်ထားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အဝတ်အထည်၊ ပိုက်ဆံနဲ့ အိမ်မွေးတိရစ္ဆာန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

အဝတ်အထည်၊ ပိုက်ဆံနဲ့ အိမ်မွေးတိရစ္ဆာန်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 1 min read
ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read

ကိုဗစ်ကာလအတွက် အသင့်တော်ဆုံး သားဆက်ခြားနည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read