ကလေးရှိတဲ့နေအိမ်မှာ အလုပ်လုပ်ရတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 22, 2020 . 2 mins read
Share now

အိမ်မှာပဲ အလုပ်လုပ်တယ်ဆိုတာ လူတိုင်းအတွက် လွယ်ကူတဲ့အရာတစ်ခု မဟုတ်ပါဘူး။ အထူးသဖြင့် ကလေးတွေ များလွန်းတဲ့အိမ်တွေမှာဆိုရင် အလုပ်လုပ်ရတာ တော်တော်စိတ်ညစ်စရာကောင်းပါတယ်။ ကလေးတွေကိုယ်တိုင်ကလည်း အပြင်ထွက် ဆော့ကစားလို့မရတဲ့အခါ အိမ်ထဲမှာပဲ ပြေးလွှားဆော့ကစားကြရတယ်။ ပစ္စည်းတစ်ခုခု ပြုတ်ကျအောင် လုပ်မိတာမျိုး၊ သွေးထွက်သံယို မတော်တဆ တစ်ခုခု ဖြစ်တာ၊ အသံအကျယ်ကြီး အော်တာ၊ ရုပ်ရှင်၊ ကာတွန်းကားဖွင့်ကြည့်တာမျိုး လုပ်နေတဲ့အခါ ကိုယ့်ရဲ့ အလုပ်လုပ်ချင်စိတ်ကို သွားပြီး အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ကိုယ့်နေအိမ်မှာ အလုပ်ကောင်းကောင်း လုပ်လို့ရအောင် ဘယ်လိုပြင်ဆင်ကြမလဲ။

ဒီအချက်တွေက ကလေးရှိတဲ့ မိသားစုတွေအတွက်သာမက တစ်ယောက်တည်း နေထိုင်သူတွေအတွက်ပါ အသုံးဝင်တဲ့ နည်းလမ်းတွေပါ။ ရုံးမှာလိုမဟုတ်ဘဲ ကိုယ့်အိမ်မှာ စိတ်လွတ်လက်လွတ် လုပ်လို့ရတဲ့အချက်ကြောင့်လည်း ဒီနည်းလမ်းတွေဟာ သင့်အတွက် အဆင်ပြေစေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

၁။ အလုပ်ချိန်ကို သတ်မှတ်ပါ။

တစ်ပတ်ကို ဘယ်နှစ်ရက် အလုပ်လုပ်မယ်၊ တစ်ရက်ကို ဘယ်နှစ်နာရီအလုပ်လုပ်မယ်၊ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ အလုပ်လုပ်မယ် စသဖြင့် မိသားစုအားလုံးနဲ့ တိုင်ပင်ထားဖို့ လိုပါတယ်။ အဓိက ကိုယ်အလုပ်လုပ်နေတဲ့အချိန်မှာ ဆူညံသံတွေ နည်းနိုင်သလောက် နည်းဖို့ အရေးကြီးပါတယ်။ ကိုယ်အလုပ်လုပ်နေတဲ့အချိန်တွင်းမှာ ကလေးတွေအနေနဲ့ အွန်လိုင်းကနေ စာသင်ကြားတာ သို့မဟုတ် မိခင်ဖြစ်သူနဲ့အတူ စာလုပ်တာ၊ ရုပ်ရှင်ကို အသံတိုးတိုးနဲ့သာ ကြည့်တာမျိုး လုပ်ပေးနိုင်ပါတယ်။

၂။ အလုပ်လုပ်ချိန်ကို လျှော့ချပါ။

သင့်ရဲ့ အလုပ်ကသူဌေးကတော့ ဒီနည်းလမ်းကို နည်းနည်းမှ ကြိုက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဝန်ထမ်းတိုင်းလိုလို အိမ်ကနေ အလုပ်လုပ်ရတဲ့အတွက် အခက်အခဲတွေက ရှိနေနိုင်ပါတယ်။ ဒါကြောင့် အလုပ်လုပ်ချိန်ကို လျှော့ချပြီး ကျန်တဲ့အချိန်တွေကို မိသားစုအတွက်၊ ကိုယ့်ကိုယ်ကိုယ်အတွက် အချိန်ပြန်ပေးပါ။ အလုပ်လုပ်ချိန်အတွင်းမှာ သတ်မှတ်ထားတဲ့ အလုပ်ပမာဏအတိုင်း ပြီးမြောက်အောင် ကြိုးစားလုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

၃။ အိပ်ခန်းထဲမှာ အလုပ်လုပ်ပါ။

ပုံမှန်အားဖြင့်တော့ ကိုယ့်အိမ်မှာ အလုပ်ခွင်နေရာသတ်မှတ်တဲ့အခါ လေကောင်းလေသန့်နဲ့ သဘာဝအလင်းရောင် ကောင်းစွာရနိုင်တဲ့ အိမ်ရှေ့ခန်းကျယ်မှာ အလုပ်လုပ်တာ ပိုများပါတယ်။ ဒါပေမယ့် အိမ်ထဲမှာ ကလေးတွေ ပြည့်နေတဲ့အခါ အိမ်ရှေ့ခန်းမှာ အလုပ်လုပ်ရင် ကိုယ့်အတွက် အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် အသံလုံတဲ့ ကိုယ့်ရဲ့ အိပ်ခန်းမှာပဲ မီးအလင်းရောင်ကောင်းကောင်းနဲ့ အလုပ်လုပ်တာ ပိုအဆင်ပြေမှာပါ။

၄။ ညကိုစောစောအိပ်ပြီး မနက်ကိုစောစောထပါ။

ကလေးတွေက မနက်ဆိုရင် နောက်ကျမှ ထတတ်တာဆိုတော့ မနက်အစောပိုင်းမှာ ကိုယ်ရယ် တခြားလူကြီးတွေရယ်ပဲ နိုးနေမှာဖြစ်တဲ့အတွက် အလုပ်လုပ်ရတာ အာရုံစူးစိုက်လို့ ပိုကောင်းမှာပါ။ ကလေးတွေ မနိုးခင်အချိန်ထိကို တတ်နိုင်သလောက် အလုပ်များများပြီးအောင် လုပ်ထားပါ။ နေ့လယ်ဘက်တွေမှာ တရေးမအိပ်ပါနဲ့၊ ညဘက်မှာသာ စောစောအိပ်နိုင်အောင် ကြိုးစားပါ။

၅။ ကလေးတွေနဲ့အတူ အားလပ်ချိန်မှာ ဆော့ကစားပေးပါ။

စောစောကပြောခဲ့တဲ့ ကိုယ့်ရဲ့တစ်နေ့တာအလုပ်ချိန်ကို မိသားစုနဲ့အတူ ညှိနှိုင်းတိုင်ပင်ပြီး၊ သတ်မှတ်ပြီးသွားပြီဆိုရင် ကျန်တဲ့အချိန်တွေမှာ ကိုယ့်ရဲ့ မိသားစုတွေအတွက် အချိန်ပြန်ပေးပါ။ ကလေးတွေနဲ့အတူ ဆော့ကစားပေးတာ၊ အိမ်အလုပ်တွေကို ကူလုပ်ပေးတာ၊ ကိုယ့်ရဲ့ အိပ်ခန်း၊ အဝတ်ဘီဒိုကို ရှင်းလင်းပေးတာမျိုး လုပ်ပေးပါ။ ပြီးသွားမှ အနားယူရင်း ကိုယ့်ကိုယ်ကိုယ် အချိန်ပြန်ပေးပါ။

အိမ်ကနေ အလုပ်လုပ်ရတဲ့ ကိစ္စက ကုမ္ပဏီဝန်ထမ်းတွေအတွက် ရှောင်လွယ်လို့မရတဲ့ New Normal အခြေအနေဖြစ်တဲ့အတွက် တတ်နိုင်သလောက် ကိုယ့်အတွက် အဆင်အပြေနိုင်ဆုံးဖြစ်အောင် ညှိနှိုင်းလုပ်ယူနိုင်ရင်တော့ တော်တော်လေးကို သက်သောင့်သက်သာဖြစ်စေနိုင်မှာပါ။

Hello ဆရာဝန် ပရိတ်သတ်များလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 Positive လူနာတစ်ယောက်က ဘယ်လိုနေထိုင် စားသောက်ရမလဲ

ရောဂါမပြင်းထန်တဲ့ Positive လူနာတစ်ချို့ကို နေအိမ်မှာပဲ Quarantine လုပ်ခိုင်းထားတာကြောင့် နေအိမ်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာက အရေးပါတဲ့မေးခွန်းတစ်ခုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

COVAX ဖော်ဆောင်ပေးမယ့် ကမ္ဘာ့နိုင်ငံတိုင်းအတွက် ကိုဗစ်ကာကွယ်ဆေးအိပ်မက်

COVAX ဆိုတဲ့ အဖွဲ့အစည်းက COVID-19 ကာကွယ်ဆေးကို ဈေးနှုန်းချိုသာစွာနဲ့ လူတိုင်းလက်ထဲရောက်အောင် ဖြန့်ဖြူးမယ်လို့ ဆိုထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ပန်းနာရင်ကြပ် ကြောင့် အမောဖောက်ခြင်းဟာ ဘာလို့ ညဘက်တွေမှာ ပိုဆိုးလေ့ရှိတာလဲ

ပန်းနာရင်ကြပ် ရောဂါက ညဘက်မှာလည်း အမောထဖောက်တတ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို လေ့လာထားပြီး ကာကွယ်နည်းတွေကိုပါ သိထားဖို့လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှုများတာမကောင်းပါဘူး။ ဘယ်အခြေအနေကို စိတ်ဖိစီးမှုများတယ်လို့ ဆိုနိုင်မလဲ။ ဘယ်လောက်အတိုင်းအတာဆိုရင် ဆိုးဆိုးရွားရွား လွန်ကဲနေပြီလို့ ပြောနိုင်မလဲ။

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ကိုဗစ်အနံ့ပျောက်လူနာ အနံ့ပြန်ရစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 3 mins read
ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

ချောင်းဆိုးနေတဲ့ ကိုဗစ် ဝေဒနာရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read
COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read