သိချင်တာလေးရှိလို့ ဘယ်မေးရမလဲမသိလို့ပါ
အကာအကွယ်အမဲ့လိင်ဆက်ဆံပြီးအရေးပေါ်တားဆေးကို 27နာရီအကြာမှာသောက်လိုက်ပါတယ်(အထဲမှာပြီးမြောက်ခြင်းတော့မရှိပါဘူးရှင့်) သောက်ပြီးရက်အနည်းငယ်မှာ ရာသီစလာပါတယ် ပုံမှန်ဆို 15.11.24မှဆင်းရမှာပါ 31.10.24မှာစလာပါတယ် သုံးရက်ပါ အရေးပေါ်တားဆေးကို 28.10.24ပတ်ဝန်းကျင်မှာသောက်ပါတယ်(ရာသီလာပြီး နောက်ပိုင်းမှသောက်လိုက်တာပါ)31.10.24/1.11.24/2.11.24ထိသုံးရက်ကြာလာပါတယ် အရေးပေါ်ဆေးသောက်ပြီး (ဒုတိယအကြိမ်20.11.24ကျထပ်လာပါတယ် သုံးရက်ပဲကြာပါတယ်)အရေးပေါ်တားဆေးသောက်ပြီး အကာအကွယ်သုံးဆက်ဆံပါတယ်(4.11.24ရက်နေ့မှာပဲအတူနေပြီးထပ်မံအတူနေခြင်းမရှိပါ) အခုအဖြူအရည်ကြည်နည်းနည်းဆင်းနေလို့ ကိုယ်ဝန်ရနိုင်ချေရှိလားရှင့် အမျိုးသားကလည်းပြည်ပထွက်သွားပါပြီ ကလေးယူဖို့ကလည်းအဆင်မပြေသေးလို့ပါ ဖြေပေးလို့ကျေးဇူးတင်ပါတယ်
















တားဆေးတွေက သွေးဆင်းမမှန်တာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေတာ ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့်ရက်ကို ၁ပတ်လောက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။