ဆီးစစ်ခြင်း
ဆရာရှင့် ဆီးစစ်တာ မနက်ပိုင်းစစ်တာ တစ်ကြောင်းဘဲ
ပေါ်ပါတယ် ပြီးတော့ ညနေရောက်
တော့ ပစ်မလို့ ကြည့်လိုက်တဲ့အခါမှတော့ နောက် တစ်ကြောင်းက ရေး ရေး လေး
ပေါ်နေပါတယ် အာ့ အဖြေက ဘယ်ဟာအမှန်လဲရှင့် ဘယ်မိနစ်အတွင်း ထွက်တဲ့အဖြေက အမှန်လဲရှင့် (တူတူနေပြီး အရေးပေါ်တားဆေးသောက်ထားပါတယ် သုံးလပိုင်းကပါ ရာသီလည်း လေးလပိုင်းထိလာထားပါတယ် ခုငါးလပိုင်းက နေ ခုထိ မလာ သေး လို့ စစ်ကြည့််တာပါ)

















ဆီးစစ်တံမှာပါတဲ့ အညွှန်းအတိုင်း ဖတ်ရမှာပါ။ စောဖတ်မိရင်၊ နောက်ကျမှ ဖတ်မိရင် မမှန်ပါ။ ဘယ်လောက်အကြာမှာ ဖတ်ရမလဲဆိုတာက တံဆိပ်တစ်ခုနဲ့ တစ်ခု နည်းနည်းကွာပါတယ်။ အညွှန်းကို သေချာဖတ်ပါ။
ဒါကြောင့် စစ်ပြီး ဘယ်လောက်အကြာမှာ ဖတ်လိုက်လဲဆိုတာက အရေးကြီးပါတယ်။