Pregnant
Doctor
Period မတိုင်ခင် 1ရက်အလိုမှာ အကာအကွယ်မဲ့နေခဲ့ပြီး ဆေးလဲမသောက်ခဲ့လို့
ကိုယ်ဝန်ရသွားခဲ့ရင် အဲ့နေပြီးနောက်နေ့ သွေးဆင်းရမဲ့ရက်မှာ မဆင်းတော့တာမျိုးဖြစ်နိုင်လားရှင့်
ခု မလာခင် 1 ရက်အလိုမှာ unprotected sex ဖြစ်ခဲ့ပြီး ဆေးလဲမသောက်ပါဘူး
Period ဖြစ်ရမဲ့နေ့မှာလဲ မဖြစ်ပါဘူး
4ရက်မြောက်နေ့မှာ သွေးနှစ်စက် ဆင်းပါတယ် ပြီး သွေးထပ်မဆင်းတော့ပါဘူး
အဲ့တာကိုယ်ဝန်ကြောင့်ဖြစ်နိုင်လားရှင့်
3ပတ်ထိမစောင့်နိုင်တော့ပဲခန့်မှန်းခြေလေးသိချင်လို့ပါ
ဟုတ် ဖြေပေးလို့ကျေးဇူးပါနော်
ကိုယ်ဝန်က အဲ့လိုရက်တိုအတွင်းလဲ sign တန်းပြတတ်တာပေါ့နော်
Period ကြောင့် ကိုက်တာခဲတာလဲမဖြစ်သလို
ရင်သားတင်းတာနာတာလဲမဖြစ်ပါဘူး
ပျို့ချင်အန်ချင်လဲမဖြစ်ဘူးရယ်
Menstruation ဖြစ်ဖို့တစ်ရက်အလိုဆိုတော့ စိတ်ချနေလိုက်
တာပါ
ဆေးမသောက်ဘဲအဲလိုဆင်းရင်ကိုယ်၀န်ဖြစ်နိုင်ချေများပါတယ်နော် ဆေးသောက်တဲ့သူတွေကတော့အဲလိုသွေးတစ်စက်နှစ်စက်အတွင်းခံပေရုံဘဲဆင်းရင် ဆေးအာနိသင်ကြောင့်ပါ ဒါမဲ့အခုကဆေးမသောက်ဘဲအဲလိုဆင်းတော့ကိုယ်၀န်ဖြစ်နိုင်ပါတယ် သေချာတော့ပြောလို့မရပါဘူး သေချာသိချင်ရင်အတူနေတာ3ပတ်ပြည့်ရင်ဆီးစစ်လိုက်ပါနော် အရမ်းကြီးလဲစိတ်မပူပါနဲ့ Drအစားဖြေပေးတာပါ