Is it safe? စိတ်ချရ မချရ
အတူနေရင်း ကွန်ဒုံးပေါက်ပြဲသွားလို့ ECee2 အရေးပေါ်တားဆေး နှစ်လုံးပါတဲ့ဆေးသောက်ပါတယ်ဗျ ပထမတစ်လုံးသောက်ပြီး အတူထပ်နေတဲ့အခါကွန်ဒုံးသုံးပါတယ်ဗျ 12နာရီကြာတော့ ကျန်တဲ့ဒုတိယ တားဆေးတစ်လုံးထပ်သောက်ပါတယ်ဆရာ ပထမတစ်လုံးသောက်ပြီး ဒုတိယတစ်လုံးမသောက်ခင်ကြားထဲမှာ ကွန်ဒုံးသုံးပြီးထပ်နေမိတဲ့အတွက် ကွန်ဒုံးပေါက်ပြဲထားတာကို တားဆေးကကိုယ်၀န်မရအောင် ကာကွယ်နိုင်စွမ်းရှိပါသေးလားဆရာ
ECee2 အရေးပေါ်တားဆေး နှစ်လုံးပါတဲ့ဆေးကဒ်ကိုသောက်တဲ့အခါ ပထမတစ်လုံးသောက်ပြီး ဒုတိယတစ်လုံးမသောက်ခင် ကြားထဲမှာ ကွန်ဒုံးသုံးပြီးထပ်နေလို့ရပါသလားဗျ
ဒုတိယအကြိမ်မှာ ကွန်ဒုံးက ပေါက်တာ၊ ပြဲတာ မရှိရင် မလိုပါ။