🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား ၁၀ မျိုး

လူတွေဟာ ကလေးရဖို့ ကြိုးစားစဉ်မှာ အမှားတော်တော်များများကို လုပ်လေ့ရှိပါတယ်။ ဒီအခြေအနေတွေကပဲ ကလေးရဖို့အတွက် ပိုပြီးစိတ်ဖိစီးတာ ခက်ခဲတာတွေကို ဖြစ်လာစေပါတယ်။


ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား တွေကတော့ –


၁.သားဥကြွေသော အချိန်ကို မသိရှိတာ

ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်ဟာ ဓမ္မတာ စက်ဝန်းကာလ ၂၈ရက် ရှိတယ်လို့ လိင်မှုဆိုင်ရာ ပညာပေးအချို့က ဖော်ပြလေ့ရှိပါတယ်။ သို့သော် အချို့ အမျိုးသမီးများမှာတော့ ဒီစက်ဝန်းဟာ ပိုပြီး ရှည်နိုင်သလို ပိုပြီးလည်း တိုနိုင်ပါတယ်။


၂. ကုသစစ်ဆေးမှု မခံယူတာ

ကလေးရနိုင်ခြေကို ကုသစစ်ဆေးတာမျိုး မလုပ်ဘဲ အချိန်ဆွဲနေတာမျိုးပေါ့။


၃.ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အထတွေ ရှိတာ

ကိုယ်ဝန်ဆောင်ဖို့ ကြုးစားနေချိန်မှာ ဆေးလိပ်သောက်တာ ၊ အရက်သောက်တာ၊ ကဖင်း အစားများတာမျိုးပေါ့။


၄. ကိုယ်ဝန်ရဖို့ အခွင့်အလမ်း ပိုများစေတဲ့ ကိုယ်နေဟန်ထားဆိုပြီး စိတ်ထဲစွဲနေတာ

ကိုယ်ဝန်ရနိုင်ခြေဟာ ကိုယ်နေဟန်ထား ပုံစံများထက်စာရင် အခြားသော အချက်အလက်တွေပေါ်ပဲ မူတည်ပါတယ်။


၅. ကိုယ်ဝန်ရဖို့အတွက် ကိုယ်ဝန်ဆောင် အားဆေးများသောက်သုံး ခြင်းက ပိုကောင်းတယ်လို့ ယုံကြည်တာ

နေ့စဉ်ကိုယ်ဝန်ဆောင် အားဆေးတွေကို သောက်ပေးရုံမျှနဲ့ ကလေးရဖို့ အခွင့်အလမ်း ပိုမများလာပါဘူး။


၆. အထူးကုဆရာဝန်နဲ့ပြဖို့ အချိန်ဆွဲနေတာ

ရာသီလာတာမှာ ပြဿနာ တစ်ခုခု ရှိနေရင် ဆရာဝန်နဲ့ ချက်ချင်း ပြသကုသမှု ခံယူပါ။


၇. ရာသီရက်နီးမှ အတူနေတာမျိုးတွေ

ရာသီလာမယ့်ရက် နီးမှ အတူနေတာကလည်း ကလေး ရနိုင်ခြေ များစေတယ်ဆိုတာက အမှန် မဟုတ်ပါဘူး။


၈. လိင်ဆက်ဆံတဲ့ အရေအတွက် များပြားလွန်းတာ

လိင်ဆက်ဆံတဲ့ အရေအတွက် များပြားလာခြင်းဟာ အမျိုးသားများရဲ့ သုက်ပိုးအရေအတွက်ကို လျော့ကျစေနိုင်ပါတယ်။


၉. အမျိုးသားမှာ ပြဿနာ ရှိနေတာ

တစ်ခါတလေ ကိုယ်ဝန်ရဖို့ ခက်ခဲနေတာက အမျိုးသားကြောင့်လည်း ဖြစ်နေနိုင်တယ်ဆိုတာကို ထည့်တွက်ထားဖို့ လိုပါမယ်။


၁၀. အချိန်ကြာရှည်စွာ ကြိုတင်စီစဉ်ခြင်းများ ပြုလုပ်တာ

ကလေးမယူခင် အရာရာ ပြည့်စုံဖို့ ကြိုးစားရင်း အချိန်အကြာကြီး မကုန်ဆုံးသင့်ပါဘူး။အကြောင်းကတော့ အသက်အရွယ် ကြီးရင့်လာသည်နှင့် အမျှ မျိုးအောင်နိုင်စွမ်း လျော့ကျ လာလေလေ ဖြစ်နေလို့ပါ။


ဒါတွေက ကလေးယူဖို့ ကြိုးစားသူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားအယွင်းလေးတွေပါ။


#HelloMomandBaby #Pregnancy #MomCare #ShortArticle

ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား ၁၀ မျိုးကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား ၁၀ မျိုး
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
3

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်