🔥 ရေပန်းစားသောအကြောင်းအရာ

ဘေဘီလေးအတွက် အသင့်တော်ဆုံး အသီးအနှံလေးတွေက ဘာတွေများလဲ!

ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေတဲ့နေရာမှာ အသီးအနှံတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အကြောင်းကတော့ အသီးအနှံတွေမှာ ဗီတာမင်တွေ အများအပြားပါဝင်ပြီး ကလေးတွေကို ကျန်းမာစေဖို့ ကိုယ်ခံအားကောင်းစေဖို့ ရောဂါတွေကို အလွယ်တကူ ဝင်မလာနိုင်အောင် ကာကွယ်ပေးဖို့ လုပ်ဆောင်ပေးသလို နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ အဝလွန်ရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေနိုင်လို့ပါ။


ဒီတော့ ဘေဘီလေးတွေကို ကျွေးပေးသင့်တဲ့ အသီးအနှံလေးတွေက ဘာတွေများ ဖြစ်မလဲဆိုတာကို အတူတူ ကြည့်ရအောင်နော်။


🔹ဘယ်ရီသီးတွေ - စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ချယ်ရီသီး အစရှိတဲ့ ဘယ်ရီသီးတွေမှာ ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင် C အပြင် ဦးနှောက်ကို ဖွံ့ဖြိုးစေတဲ့ အာဟာရဓါတ်တွေ အများအပြား ပါဝင်ပါတယ်။


🔹ပန်းသီး - အမျှင်ဓါတ်၊ အာဟာရဓါတ် ပေါကြွယ်ဝပြီး ကိုယ်ခံအားကိုကောင်းစေတယ်။ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်တွေလည်း ပါဝင်လို့ ကျန်းမာကြံ့ခိုင်စေတယ်။


🔹ငှက်ပျောသီး - ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပြီး ခန္ဓာကိုယ်အတွက် အားအင်ကို ဖြစ်စေတယ်။


🔹လိမ္မော်သီး - ဗီတာမင် C ပါဝင်မှုများတဲ့ အသီးအနှံအဖြစ် လူသိများကြပြီး အသီးအနေနဲ့ရော ဖျော်ရည်အနေနဲ့ပါ ကလေးတွေကို ကျွေးလို့ရပါတယ်။


🔹စပျစ်သီး - အစာကြေလွယ်စေတဲ့ အမျှင်ဓါတ်တွေအပြင်၊ ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင် C နဲ့ ပိုတက်စီယမ်ဓါတ်တွေ ပါဝင်ပါတယ်။


🔹ထောပတ်သီး - နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ Fatty Acid အပြင် ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင် E ၊ ဗီတာမင် B6 တွေ ပါဝင်နေပါတယ်။

ဘေဘီလေးအတွက် အသင့်တော်ဆုံး အသီးအနှံလေးတွေက ဘာတွေများလဲ!ဘေဘီလေးအတွက် အသင့်တော်ဆုံး အသီးအနှံလေးတွေက ဘာတွေများလဲ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
6

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်