🔥 ရေပန်းစားသောအကြောင်းအရာ

အိမ်ထောင်သက် ကြာပြီ ကလေးမရဘူး ဘာလို့များပါလိမ့်!

အိမ်ထောင်သက် ကြာပြီ ကလေးမရဘူး ဘာလို့များပါလိမ့်!


အိမ်ထောင်သက်တမ်းကြာနေပြီး ဒါပေမယ့် ကလေးမရသေးဘူးဆိုရင် ဒီအချက်တွေကြောင့်ဖြစ်နေနိုင်လို့ သေချာလေးဆန်းစစ်ကြည့်စေချင်ပါတယ်။ သင်ကလေးမရတာ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ် -


🔹စိတ်ဖိစီးမှုများတာ

စိတ်ဖိစီးမှုကို​ဖြစ်ပေါ်စေတဲ့ ကော်တီစောဟော်မုန်းများတာက လေဒီလေးတို့မှာ သားဥကြွေမှုအပေါ်သက်ရောက်မှုရှိစေပြီး ကလေးရရှိနိုင်မှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။


🔹အချိန်ကိုက်မဖြစ်တာ

သားဥကြွေတဲ့ရက်မှာ ဆက်ဆံတာက ကလေးရရှိနိုင်ခြေမရှိပါဘူး။ ကလေးလိုချင်တယ်ဆိုရင် အကောင်းဆုံးက သားဥမကြွေခင်ရက်မှာ လိင်ဆက်ဆံပေးရမှာပါ။ ဒါမှ သုက်ပိုးလေးက သားဥပြွန်ထဲမှာ အသင့်ရှိနေတဲ့ မမျိုးဥနဲ့ ပေါင်းမိပြီး သန္ဓေအောင်မှာပါ။


🔹ချောဆီတွေအသုံးပြုတာ

လိင်ဆက်ဆံတဲ့အခါ ချောဆီတွေအသုံးပြုမှုကလည်း သုက်ပိုးတွေရဲ့ ရောက်ရှိနိုင်စွမ်းကို ၆၀ ရာခိုင်နှုန်းလောက်အထိကျဆင်းစေနိုင်ပါတယ်။


🔹အိပ်ရေးပျက်တာ

အိပ်ရေးပျက်တာက နောက်ဆက်တွဲကျန်းမာရေးပြဿနာများသလို မျိုးအောင်နိုင်စွမ်းအပေါ်မှာလည်း အများကြီးသက်ရောက်နေပါတယ်။ အိပ်ရေးပျက်တာများလာတဲ့အခါ လူက စိတ်ပူပန်လာပြီး စိုးရိမ်မှုတွေများလာပါတယ်။ ဒီအခြေအနေကပဲ မျိုးအောင်နိုင်မှုကို ထိခိုက်စေတာပါ။


🔹သိုင်းရွိုက်ပြဿနာရှိတာ

သိုင်းရွိုက်က ပုံမှန်ထက် ပိုအလုပ်လုပ်နေတာက ရာသီစက်ဝန်းနဲ့ သားဥကြွေတဲ့အပေါ်တွေမှာ သက်ရောက်မှုရှိပြီး ရာသီသွေးမမှန်တာကိုဖြစ်စေနိုင်သလို သန္ဓေအောင်နိုင်မှုကို ထိခိုက်တာမျိုးဖြစ်စေနိုင်ပါတယ်။


🔹မိုဘိုင်းပစ္စည်းတွေက လှိုင်းတွေကြောင့်

လက်ပ်တော့တွေ၊ ဖုန်းတွေကနေထွက်လာတဲ့ လှိုင်းတွေက သုက်ပိုးအရည်အသွေးကို ထိခိုက်စေနိုင်သလို သုက်ပိုးတွေရဲ့ DNA ကိုပျက်စီးစေနိုင်ပါတယ်။ လက်ပ်တော့တွေ၊ ဖုန်းတွေကနေထွက်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကလည်း ကလေးရရှိနိုင်မှုကို တော်တော်လေးအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။


🔹ကျန်းမာရေးနဲ့ မညီညွတ်တဲ့ကိုယ်အလေးချိန်ရှိနေတာ

အမျိုးသမီးတစ်ယောက် အနေနဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေမယ်၊ အဝလွန်နေမယ် ဆိုရင်လာည်း ကလေး ရရှိနိုင်ခြေကနည်းနေနိုင်ပါတယ်။


ကဲ..အိမ်ထောင်ကျတာလည်းကြာပြီ သားသားမီးမီးလေးတွေလည်း မရဘူးဆိုရင် ဒီအချက်လေးတွေများ လုပ်မိနေလား ဆန်းစစ်လို့ အချိန်မီ ပြင်ပါ။ တကယ်လို့မှ မဟုတ်ဘူး ဆိုရင်တော့ သားအိမ်မှာ ပြဿနာ တစ်ခုခု ရှိနေလား သိရနိုင်ဖို့ သားဖွားမီးယပ် ဆရာဝန် တစ်ဦးဦးနဲ့ပြသကြည့်ဖို့ပြောပါရစေ။


#HelloMomandBaby #Pregnancy #MomCare



အိမ်ထောင်သက် ကြာပြီ ကလေးမရဘူး ဘာလို့များပါလိမ့်!အိမ်ထောင်သက် ကြာပြီ ကလေးမရဘူး ဘာလို့များပါလိမ့်!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
22
2

မှတ်ချက် 2ခု

တားဆေးရဲ့ဆိုးကျိုးတွေဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ဗိုက်နာခြင်း၊မအီမသာဖြစ်ခြင်း စတဲ့အရာတွေက ဆေးသောက်ပြီး ဘယ်လောက်အချိန်ကြာမှဖြစ်တာလဲဆရာ၊ဘယ်လောက်အချိန်ကြာကြာထိ ဖြစ်လဲဆရာ၊

လွန်ခဲ့သော 9 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

တစ်ယောက်နဲ့ တစ်ေယာက်မတူပါ။ အများစုကတော့ ရက်ပိုင်းလောက်ပဲ ဖြစ်တတ်ကြပါတယ်။ ဘယ်နှရက်ကြာမလဲဆိုတာကလည်း ပြောရခက်ပါတယ်။

လွန်ခဲ့သော 9 လ က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်