🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ချိန် ရေမြွှာရည်နည်းနေရင်

ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင် တွေတွေ့ကြုံရနိုင်တဲ့ပြဿနာတစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်ရေမြွှာရည်နည်းတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးပါရစေ။ မေမေတိုင်းကြုံရတာမဟုတ်ပေမယ့် တကယ်လို့များဆိုတဲ့အခြေအနေအတွက်ကာကွယ်နိုင်စေဖို့နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်ပြဿနာကင်းစေဖို့ ဂရုစိုက်သင့်တဲ့ စားသောက်နေထိုင်မှုပုံစံလေးကို မျှဝေပေးချင်ပါတယ်။


🔹ကိုယ်ဝန်ဆောင်ချိန် ရေမြွှာရည်နည်းရင် ကလေးကို ဘယ်လိုထိခိုက်စေနိုင်လဲ!


ရေမြွှာရည်နည်းရင် ဗိုက်ထဲကဘေဘီလေးကို အခုလိုမျိုးတွေထိခိုက်စေနိုင်ပါတယ်။

▫️ကလေးရဲ့ ကြွက်သားဖွံ့ဖြိုးမှု ထိခိုက်စေနိုင်ပါတယ်

▫️ကလေးရဲ့ခြေလက်ဖွံ့ဖြိုးမှုထိခိုက်စေနိုင်တယ်

▫️ကလေးရဲ့ အဆုတ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်

▫️အစာခြေစနစ် ဖွံ့ဖြိုးမှုထိခိုက်စေနိုင်ပါတယ်။


🔹ရေမြွှာရည်မနည်းစေဖို့ လိုက်နာသင့်တဲ့နေထိုင်စားသောက်မှုပုံစံ


ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်မနည်းချင်ဘူးဆိုရင် ဒီအချက်လေးတွေက အသုံးတည့်မှာပါ။


▪️ရေများများသောက်ပါ - ဒါကတော့ရေမြွှာရည်များစေမယ့် အလွယ်ကူဆုံးနည်းလမ်းပါ။ ကိုယ်တွင်းရေပမာဏတိုးလာလေလေရေမြွှာရည်က တိုးလာလေလေပါ။ ဒါကြောင့်ရေသောက်မပျင်းပါနဲ့။


▪️အရည်ဓါတ်များတဲ့ အသီးတွေစားပေးပါ - ကိုယ်ဝန်ဆောင်ချိန်မှာ အရည်ဓါတ်များတဲ့ အသီးအနှံတွေစားပေးတာကရေမြွှာရည်မနည်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။


▪️အယ်လ်ကိုဟောပါတာတွေကိုရှောင်ပါ - အယ်လ်ကိုဟောပါတာတွေက ကိုယ်တွင်းရေဓါတ်ကို ဆုံးရှုံးစေတဲ့အရာတစ်ခုပါ။ ဒါကြောင့်ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ခန္ဓါကိုယ်မှာ ရေဓါတ် ဆုံးရှုံးပြီး ရေမြွှာရည် နည်းတာမျိုး မဖြစ်စေဖို့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို ရှောင်ပါ။


▪️ကဖင်းရှောင်ပါ - ကဖင်းကလည်း အယ်လ်ကိုဟောလိုပါပဲ။ ဒါကြောင့်ရေဓါတ်ဆုံးရှုံးမှုဖြစ်ပြီး ရေမြွှာရည်မနည်းစေချင်ဘူးဆိုရင် ကဖင်းပါတဲ့ စားစရာသောက်စရာတွေကိုရှောင်ရပါမယ်။


▪️ဆေးဖက်ဝင်သောက်စရာတွေကိုရှောင်ပါ - ဂျင်ဆင်းလက်ဖက်ရည် လိုမျိုး ဆေးဖက်ဝင်တယ် ဆိုတဲ့ သောက်စရာတွေကိုလည်း ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ရှောင်သင့်ပါတယ်။ ဒီလိုသောက်စရာတွေက ဆီးခဏခဏသွားစေပြီး ကိုယ်တွင်းကရေဓါတ်ဆုံးရှုံးစေနိုင်တာကြောင့်ပါ။


▪️လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ -ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ပေးတာက ခန္ဓါကိုယ်ကအစိတ်အပိုင်းတွေဆီသွေးစီးဆင်းရောက်ရှိမှုကောင်းစေနိုင်သလို အချင်းနဲ့ သားအိမ်ဆီကို သွေးရောက်ရှိမှုတိုးစေပြီးရေမြွှာရည်ကိုတိုးစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန် လမ်းလျှောက်ပေးတာမျိုး ကိုယ်ဝန်ဆောင် ယောဂလေ့ကျင့်တာမျိုးလုပ်ပေးပါ။


🔹ဘာတွေစားရမလဲ!


ရေမြွှာရည်နည်းတဲ့ မေမေတို့အနေနဲ့ ရေမြွှာရည်တိုးစေဖို့ဆိုရင်


▫️သခွားသီး၊

▫️ဆလတ်ရွက်၊

▫️ဟင်းနုနွယ်၊

▫️မုန်လာဥဖြူ၊

▫️ပန်းဂေါ်ဖီစိမ်း၊

▫️ပန်းဂေါ်ဖီ

▫️စတော်ဘယ်ရီ၊

▫️ဖရဲသီး၊

▫️ခရမ်းချဉ်သီး၊

▫️သခွားမွှေး၊

▫️စပျစ်သီး၊

▫️အုန်းစိမ်းရည်စတာတွေလည်း စားပေးလို့ရပါတယ်။



#HelloMomandBaby #Pregnancy #MomCare #ShortArticle

ကိုယ်ဝန်ဆောင်ချိန် ရေမြွှာရည်နည်းနေရင်ကိုယ်ဝန်ဆောင်ချိန် ရေမြွှာရည်နည်းနေရင်
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
3

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်