🔥 ရေပန်းစားသောအကြောင်းအရာ

အန္တရာယ်များတဲ့ ကိုယ်ဝန် ဆိုတာဘာလဲ!

အန္တရာယ်များတဲ့ ကိုယ်ဝန် ဆောင်ခြင်းဆိုတာ မိခင်ရော သန္ဓေသားရော ၂ဦးလုံးမှာ ကိုယ်ဝန်ဆောင်နေစဉ်သာမက မဆောင်ခင်ရော၊ မွေးဖွားပြီးချိန်မှာပါ ကျန်းမာရေးပြဿနာဖြစ်နိုင်ခြေ ပုံမှန်ထက် များနေတဲ့အခြေအနေကိုခေါ်ပါတယ်။ ဒီလိုကိစ္စတိုင်းမှာတော့ မိခင်နဲ့ ကလေးကို အသက်အန္တရာယ်ပေးနိုင်တဲ့ အခြေအနေမရှိပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို လျှော့ချနိုင်ဖို့နဲ့ ၂ဦးလုံး ကျန်းမာစေဖို့ အထူးဂရုစိုက်စောင့်ကြည့်ရမှာပါ။


🔺အန္တရာယ်များတဲ့ ကိုယ်ဝန် ဆောင်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။


တကယ်လို့ မိခင်ရဲ့ကျန်းမာရေးအခြေအနေက ဒီ ၃မျိုးထဲက တစ်မျိုးဖြစ်နေမယ်ဆိုရင် အန္တရာယ်များတဲ့ ကိုယ်ဝန် ဆောင်ခြင်း ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။


၁။ လက်ရှိဖြစ်နေသော သို့မဟုတ် ဖြစ်နိုင်ဖွယ်ရာရှိသော ရောဂါများ


◾ဆီးချိုရောဂါ/ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါ

◾ကိုယ်အလေးချိန် ပြဿနာ (အလေးချိန်များနေခြင်း သို့မဟုတ် အလေးချိန်နည်းလွန်းခြင်း)

◾နှလုံးရောဂါ

◾သိုင်းရွိုက်ရောဂါ

◾ကျောက်ကပ်ရောဂါ

◾သွေးဖိအားများခြင်း

◾ခုခံအားပြဿနာ (Autoimmune disease)

◾လိင်မှတစ်ဆင့် ကူးစက်ပိုးဝင်ခြင်း (HIV/AIDS အပါအဝင်)

◾ကိုယ်ဝန်ရနိုင်ချေ နည်းခြင်း သို့မဟုတ် မြုံခြင်း

◾ကိုယ်ဝန်ဆိပ်တက်ဖူးခြင်း

◾ရှေ့တွင် ကိုယ်ဝန်ပျက်ကျဖူးခြင်း သို့မဟုတ် ကိုယ်ဝန်ပြဿနာရှိခဲ့ခြင်း (အလေးချိန်မပြည့်သော ကလေးမွေးဖွားခြင်း၊ လမစေ့ဘဲ မွေးဖွားခြင်း သို့မဟုတ် ပြဿနာတစ်ခုခုကြောင့် ဗိုက်ခွဲမွေးလိုက်ရခြင်း)

◾အမြွှာကိုယ်ဝန်ဆောင်ခြင်း

◾အချင်းနဲ့ဆိုင်သော ပြဿနာများ(ဥပမာ- အချင်းနေရာမမှန်ခြင်း)


၂။ ဘဝနေထိုင်မှုပုံစံ


◾ဆေးလိပ်သောက်ခြင်း

◾အရက်နဲ့ မူးယစ်ဆေးဝါး မှီဝဲခြင်း

◾ပြင်းထန်သော စိတ်ဖိစီးမှုများ


၃။ အသက်အရွယ်


ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်း (၁၇နှစ်ထက် ငယ်သော မိခင်များ)

မိခင်နဲ့ ဖခင် အသက်ကြီးခြင်း(မိခင်အသက် ၃၅နှစ်နှင့်အထက်၊ ဖခင်အသက် ၅၀နှင့်အထက် )


🔺အန္တရာယ်များတဲ့ ကိုယ်ဝန်ဆောင်ခြင်းအတွက် ကာကွယ်ခြင်းနှင့် ကုသခြင်း


ကိုယ်ဝန်မဆောင်ခင် ဆရာဝန်နဲ့ တွေ့ဖို့ အရင်ပြင်ဆင်ပါ။ သင့်အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိဖို့လိုပါတယ်။ တကယ်လို့များ သင်က ဆေးဝါးကုသမှုတစ်ခုခုလုပ်နေရတယ်ဆိုရင် သင့်ကလေးအန္တရာယ်ကင်းဖို့အတွက် ဘာတွေချိန်ညှိရမယ်ဆိုတာ သိဖို့ လိုအပ်လာမှာပါ။ကိုယ်ဝန်ဆောင်ကာလမှာ ဂရုစိုက်ရမယ့်အရာတွေကို စောစောလုပ်ပါ။ အချိန်မှန်ဆေးခန်းသွားဖို့၊ ဆေးစစ်ဖို့၊ ကာကွယ်ဆေးတွေ ထိုးဖို့ မမေ့ပါနဲ့။


ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုကို ဂရုတစိုက်စောင့်ကြည့်ပါ။ ဒါမှသာ ဖြစ်လာနိုင်ခြေရှိတဲ့ပြဿနာတွေကို စောစောသိရပြီး တတ်နိုင်သမျှ အမြန်ဆုံး ကုသလို့ရနိုင်မှာပါ။ ကျန်းမာရေးနဲ့ညီညီညွတ်ညွတ်နေထိုင် စားသောက်ပြီး သင့်တင့်တဲ့ အလေးချိန်တိုးလာပါစေ။ ဒါမှပဲ ကိုယ်ဝန်ဆောင် ဆီးချိုမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ ကိုယ်ဝန်ဆောင်တွေ စားသင့်တာတွေကို ပုံမှန်စားပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးခြင်းအားဖြင့် ခုခံအားတိုးလာပြီး ကျန်းမာနိုင်ပါတယ်၊၊


🔺ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။


သင့်ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ဆရာဝန်က prenatal screening tests တွေကို သင့်လျော်သလို အကြံပေးသွားမှာဖြစ်ပြီး သင့်ရဲ့ကိုယ်ဝန်အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေမှာပါ။



#HelloMomandBaby #Pregnancy #MomCare #ShortArticle

အန္တရာယ်များတဲ့ ကိုယ်ဝန် ဆိုတာဘာလဲ!အန္တရာယ်များတဲ့ ကိုယ်ဝန် ဆိုတာဘာလဲ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
1

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်