🔥 ရေပန်းစားသောအကြောင်းအရာ

ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ

ငါးက ကလေးကို ကျန်းမာဖွံ့ထွားစေမယ့် အစားအစာတစ်မျိုးပါ။ ကလေးက solid food စစားနိုင်ပြီဆိုတာနဲ့ ငါးစကျွေးလို့ရပါတယ်။ ဖြည့်စွက်စာ စစားတဲ့ကလေး အသက် ၆ လလောက်ဆို စကျွေးလို့ရပါတယ်။ ဒါပေမယ့် ကလေး အာဟာရဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှာတော့ကျွေးသင့်ပါတယ်။ ကလေးမှာ အစားဓာတ်မတည့်တာမျိုးဖြစ်နိုင်ရင် ကလေးကို ထိခိုက်နိုင်တာကြောင့်ပါ။


ကလေးကို ဘာလို့ ငါးကျွေးပေးသင့်တာလဲ……

ကလေးကို ငါးကျွေးပေးသင့်တယ်လို့ပြောရတာက ဒီအချက်တွေကြောင့်ပါ။


🔸ဦးနှောက် ဖွံ့ဖြိုးစေနိုင်တယ်

ငါး နဲ့ ပင်လယ်စာတွေမှာပါတဲ့Omega-3 က ကလေးတွေ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။ တစ်ပတ်ကို ၂ ကြိမ်လောက် ငါးကျွေးပေးတာက ကလေးကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင် မှာပါ။


🔸မျက်စိဖွံ့ဖြိုးစေနိုင်တယ်

လေ့လာမှုတွေအရ ငါး (ပင်လယ်ငါး) စားသုံးမှုက ကလေးကို လိုအပ်တဲ့ DHA ပမာဏကို ပြည့်ဝစွာရရှိစေပြီး မျက်လုံးလေးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်မှာပါ။


🔸ကောင်းကောင်းအိပ်ပျော်စေနိုင်တယ်

ငါးမှာပါတဲ့ Omega-3 Fatty Acid က ကလေးကို ညဘက်ကောင်းကောင်းအိပ်ပျော်နေစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။


ဒီလောက်တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ငါးမှာပါတဲ့Omega-3ကြောင့် ကလေးက


◾️အာရုံကြောတွေ ကျန်းမာစေနိုင်တယ်

◾️ပရိုတင်းလုံလောက်စွာ ရရှိစေနိုင်တယ်

◾️အသားအရေ ကျန်းမာစေနိုင်တယ်

◾️ဆံသားသန်စွမ်းစေနိုင်တယ်

◾️အစာစားချင်စိတ် တိုးစေနိုင်တယ်

◾️သိမြင်မှုစွမ်းရည် တိုးတက်ကောင်းမွန်စေနိုင်တယ်

◾️ကိုယ်ခံအား ကောင်းစေနိုင်တယ် စတဲ့ အကျိုးကျေးဇူးတွေလည်းရရှိစေနိုင်မှာပါ။


#HelloMomandBaby #Parenting #BabyCare #ShortArticle



ကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲကလေးတွေကို ဘယ်ချိန်မှာ ငါးစကျွေးမလဲ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
1

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်