🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ချိန် ကိုက်ခဲတာကို သက်သာစေဖို့

ကိုယ်ဝန်ဆောင်ကာလက ခက်ခဲတဲ့ အခိုက်အတန့်ပါ။ မိခင်ဖြစ်ရတာ အဖိုးမဖြတ်နိုင်တဲ့ အရာဆိုပေမယ့် မိခင်တစ်ယောက်ဖြစ်ဖို့က မလွယ်ကူပါဘူး။ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာ၊ ရင်ပူတာကနေစလို့ ခါးနာတာ၊ ခြေလက်တွေ ကိုက်တာ၊ မအီမသာဖြစ်တာတွေကို ခံစားကြရပါတယ်။ကိုက်ခဲတာက မိခင်တိုင်းလိုလို ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ပြဿနာတစ်ခုပါ။ အခြားသူတွေလို အလွယ်တကူ ဆေးသောက်ဖို့လည်း မလွယ်ကူတဲ့ ကိုယ်ဝန်ဆောင် မေမေတို့ နာကျင်ကိုက်ခဲတဲ့အခါ သက်သာစေဖို့ ဘယ်လို လုပ်ဆာင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။


ကိုယ်ဝန်ဆောင်ချိန်မှာ ကိုက်ခဲတာကို သက်သာစေဖို့ဆိုရင်


🔹အကြောဆန့်ပါ။

မတ်တတ်ရပ်ပြီး နံရံကို မျက်နှာမူပါ။ လက်တွေကို နံရံပေါ်မှာထောက်လို့ ခြေထောက်တွေကို အကြောလျှော့ပေးတာမျိုး၊ ထိုင်နေရင်းနဲ့ လက်တွေကို အကြောလျှော့တာမျိုး လုပ်ပေးလို့ရပါတယ်။


🔹ရေသောက်ပါ။

ကိုယ်ဝန်ဆောင်ဆောင်ချိန်က ရေဓာတ် ပြည့်ဝဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ နာကျင် ကိုက်ခဲမှု ကင်းချင်တယ်ဆိုရင် တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၂ ခွက် အထိ သောက်ပေးပါ။


🔹ရေနွေးအိတ်ကပ်ပါ။

ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့အခါ ရေနွေးအိတ်ကပ်ပေးတာက သက်သာစေမယ့် နည်းလမ်းတစ်ခုပါ။ ရေနွေးအိတ်က ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းပြီး ကိုက်ခဲတာကို သက်သာစေပါတယ်။အရမ်းမပူစေဖို့နဲ့ ၁၅ မိနစ် ကပ်ပြီးတိုင်း ခဏနားဖို့ သတိပြုစေချင်ပါတယ်။


🔹နှိပ်နယ်ပေးပါ။

ကိုက်ခဲတဲ့အခါ ကြွက်သားတွေကို ခပ်ဖွဖွလေး နှိပ်နယ်ပေးတာကက သွေးစီးဆင်းမှု ကောင်းစေပြီး ကြွက်သားတွေ နာကျင်တာ ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။


🔹လေ့ကျင့်ခန်း လုပ်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာလည်း လေ့ကျင့်ခန်း လုပ်ပေးလို့ ရပါတယ်။ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ပြီး အသင့်တော်ဆုံးဖြစ်မယ့် လေ့ကျင့်ခန်းကိုတော့ ရွေးချယ်သင့်တာပေါ့။


🔹လှုပ်လှုပ်ရှားရှားနေပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ အပြင်းစား လေ့ကျင့်ခန်းမျိုးတွေ၊ ပြေးတာမျိုးတွေ မလုပ်ရဘူးဆိုပေမယ့် နေ့စဉ် ပုံမှန် လှုပ်ရှားမှုလေးတွေကိုတော့ လုပ်ဆောင်ပေးလို့ရပါတယ်။ မတ်တတ်ရပ်တာ၊ လမ်းလျှောက်တာတွေကို လုပ်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။


#HelloMomandBaby #Pregnancy #MomsCare #ShortArticle

ကိုယ်ဝန်ဆောင်ချိန် ကိုက်ခဲတာကို သက်သာစေဖို့ကိုယ်ဝန်ဆောင်ချိန် ကိုက်ခဲတာကို သက်သာစေဖို့
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
26

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်