Emergency pill
20.10.2023 - 23.10.2023 အထိ ဓမ္မတာပေါ်ပါတယ်။ 29.10.2023 မှာ အတူနေမိပြီး Lydia အရေးပေါ်တားဆေးကို နေပြီး 45 မိနစ်အတွင်းသောက်လိုကိပါတယ်။
3.11.2023 ကနေ 5.11.2023 အထိသွေးပြန်ဆင်းပါတယ်။ အဲ့လိုပဲဖြစ်တတ်တာလားရှင့်။ နဂိုပုံမှန် 4 ရက်ပြည့်အောင်လာပြီးမှ ပြီးတာပါ။ အခုက 3 ရက်ပဲလာပြီး ပြီးသွားလို့ပါ။
ပုံမှန်ဆို 18.11.2023 ၀န်းကျင် မှ သွေးပြန်ဆင်းရမှာပါ။ ကိုယ်၀န်ရနိုင်ပါသလားရှင့်။ အတူနေပြီး ဘယ်နှရက်ကြာရင် ကိုယ်၀န်ရှိမရှိ သွေးစစ်သင့်ပါသလဲရှင့်။အတူနေပြီးတစ်လအကြာ ultrasound ရိုက်ကြည့်ရင်ကော ကိုယ်၀န်ရှိမရှိသိရပါသလားရှင့်။
ကိုယ်၀န်ရသွားနိုင်ပါသလားရှင့်။
နောက်တစ်ခုစိတ်ပူတာကပေါ့နော်။ Hiv နဲ့ ကာလသားရောဂါပါ။ ဘယ်လိုစစ်သင့်ပါသလဲရှင့်။ အခုကပထမဆုံးလည်းဖြစ်တဲ့အပြင်အလိုမတူပဲနေခဲ့ရတာမလို့စိတ်တွေတအားပူနေမိလို့ပါရှင့်။ထိတွေ့မှုရှိပြီး တစ်လနေရင် P24 antigen နဲ့ အပြင်ဓာတ်ခွဲခန်းတွေကနေစစ်ရင် ထွက်လာတဲ့အဖြကဘယ်လောက် ရာခိုင်နှုန်းအထိ မှန်ကန်ပါသလဲရှင့်။
ကျေးဇူးတင်ပါတယ်ရှင့်















(၁) အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။
(၂) အတူနေပြီး ၃ပတ်ပြည့်တဲ့အခါ ဒါမှမဟုတ် ရာသီလာရမယ့် ရက်ကျော်သွားတဲ့အခါ ဆီးစစ်ကြည့်ပါ။
(၃) ကူးစက်ရောဂါတွေကိုတော့ အပြင်မှာ ဆရာဝန် တစ်ယောက်ယောက်နဲ့ တိုင်ပင်ပြီး စစ်ပါ။ FBမှာ TOP center Myanmarလို့ ရိုက်ရှာကြည့်ပါ။ အဲ့မှာ မေးလို့ရပါတယ်။
(၄) ကူးစက်ရောဂါတွေကို ကြောက်ရင် အတူနေတိုင်း ကွန်ဒုံးသုံးပါ။