answer doctor please

ကောင်မလေးနဲ့ 10 လပိုင်း 22 ရက်နေ့က အကာအကွယ်မပါပဲအတူနေခဲ့မိပါတယ် အထဲမှာပဲပီးခဲ့ပေမယ့် နှစ်နာရီလောက်ကြာတော့ lydia 1safe pill ကိုချက်ချင်းသောက်ခိုင်းခဲ့ပါတယ် သောက်လဲသောက်ခဲ့ပါတယ် ရာသီလာရမယ့်ရက်က 10 လပိုင်း 29 ရက်မှာလာရမှာပါ ဒါပေမဲ့ အခု 11 လပိုင်း 4 ရက်နေ့ထိရာသီမလာသေးလို့ပါ ရင်သားတွေ တော့နည်းနည်းနာတယ်တဲ့ဆရာ အဲ့တာကိုယ်ဝန်ရနိုင်လားဗျ စိတ်ပူလို့ပါဆရာ တားဆေးရဲ့ side effects ကြောင့်ပဲ ရာသီလာ နောက်ကျတာလား ဘာကြောင့်လဲဆိုတာပြာပြပေးပါဗျဆရာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
10
5

မှတ်ချက် 5ခု

တားဆေးကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ပူတယ်ဆိုရင် ရာသီရက်ကျော်တဲ့အခါ ဆီးစစ်ကြည့်ပါ။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။


အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။


Doctor ပြောဖူးတာကိုပြန် copy ပေးတာပါရှင့်

ညီမသာက်တုန်းကလဲ 5 ရက်6ရက်လာက်မူးပီးပျို့နေတာ ပီး တော့သက်သာတယ်

ရာသီမမှန်တာကလဲဆေး ကြောင့်လို့ပဲထင်ပါတယ် ညီမတုန်းက 14ရက်နေ့လာရမာကို 18မှလာတာ

တကယ်လို့ရာသီလာလို့ သွေးဆင်းတာများရင် ကိုယ်ဝန်မဟုတ်တာ့ပါဘူးရှင့်

ကိုယ်ဝန်ကိုစိတ်ပူရင် အတူနေပီးသုံးပတ်မာ စစ်ကြည့်နိုင်တယ်တဲ့

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အများစုကတော့ ရာသီစက်ဝန်းတစ်ခုစာလောက် ရာသီမမှန်တာတွေ ခံစားရတတ်ပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

တချို့တွေကတစ်လမလာတာလဲဖြစ်တတ်တယ်တဲ့ ဆရာဝန် ပြောဖူးတာကိုမှတ်မိတာပါ မသေချာမာဆိုးလို့ ပြန်တော့မေးကြည့်လိုက်ပါအူံးရှင့် တစ်ခုခုမှားယွင်းသွားမာဆိုးလို့ပါ

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

ဟုတ်ကဲ့ဗျ ဆေးရဲ့ side effects ကြောင့်ဆိုရင် ရာသီလာ နောက်ကျတာကဘယ်နှရက်လာက်ထိအများဆုံးနောက်ကျတတ်သလဲဗျ အဲ့တာလေးရောသိရင် ဖြေပေးပါအုံးဗျ

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်