🔥 ရေပန်းစားသောအကြောင်းအရာ

ခွဲမွေးပြီး ကိုယ်ဝန်ထပ်ဆောင်ဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ!

ဘေဘီလေးကို မွေးဖွားချိန်မှာ ရိုးရိုးမွေးတာမျိုး ရှိသလို ခွဲမွေးတာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် ကလေးမွေးဖွားရာမှာ အများဆုံးသုံးတဲ့ နည်းလမ်းကတော့ ခွဲမွေးတာပါပဲ။ ဒီနည်းလမ်းဟာ ကလေးမွေးတဲ့ အချိန်မှာ မိခင်ရဲ့ ဝမ်းဗိုက်နဲ့ သားအိမ်ကို အပေါက်သေးသေးလေး ခွဲပြီး ကလေးကို ထုတ်တာပါ။


ဒီလို ခွဲမွေးတာမျိုးဟာ သဘာဝမွေးဖွားမယ့်အချိန်ထက် ပိုစောမွေးလို့ရပေမယ့် တကယ်လို့ မိခင်မှာ အန္တရာယ်များနေတဲ့အခြေအနေတွေရှိနေတယ်ဆိုရင်လည်း မိခင်နဲ့ ကလေးကို အန္တရာယ်ကင်းစေဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ခွဲမွေးတာက အခုလို ကောင်းကျိုး ရှိပေမယ့် မေမေက တစ်ယောက်တည်း မဟုတ်ဘဲ နောက်ထပ် သားသားမီးမီးလေးတွေကို လိုချင်သေးတယ်ဆိုရင်တော့ ခွဲမွေးပြီးချိန်မှာ နောက်ထပ် ဘေဘီလေး တစ်ယောက်ထပ်ယူဖို့ ဘယ်လောကာ် စောင့်ရမလဲဆိုတာကို သိထားဖို့ လိုပါမယ်။


ခွဲမွေးပြီး ကိုယ်ဝန်နောက်တစ်ကြိမ်ရဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ ဆိုတော့ ဒါက မေမေရဲ့ အခြေအနေပေါ်မှာမူတည်ပြီး စောင့်ဆိုင်းရတဲ့အချိန်ဟာ ၆ လမှ ၂ နှစ်ထိရှိနိုင်ပါတယ်။ ဒါဟာ သဘာဝအတိုင်းမွေးဖွားထားတဲ့ မိခင်တွေ စောင့်ဆိုင်းရတဲ့ အချိန်ကာလနဲ့ အတူတူပါပဲ။


အန္တရာယ်အကင်းဆုံးကတော့ တတ်နိုင်သမျှ ကြာကြာစောင့်ဆိုင်းတာပါပဲ။ ဒါပေမဲ့ လူတိုင်းရဲ့ အခြေအနေက တူညီကြတာမဟုတ်ပါဘူး။ ဒါမှ မေမေရဲ့ ခန္ဓာကိုယ်မှာ အာဟာရပြည့်ဝပြီး နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့် ဖြစ်မှာပါ။


ကိုယ်ဝန်ဆောင်နေချိန်မှာ ခန္ဓာကိုယ်က သံဓာတ် အပါအဝင် အာဟာရဓာတ် တော်တော်များများကို ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် အချိန် သိပ်မခြားဘဲ ကလေးထပ်ယူလိုက်မယ်ဆိုရင် မိခင်ရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့အပြင် မွေးဖွားမယ့် ကလေးအတွက်လည်း အန္တရာယ်မကင်းလှဘူးပေါ့။


ဒီအချိန်အတွင်းမှာ သင့်ခန္ဓာကိုယ်က သူ့အလိုလိုပျောက်ကင်းဖို့ ကုသနေမှာဖြစ်ပြီး ဆုံးရှုံးသွားတဲ့ အာဟာရတွေကို ပြန်လည်ဖြည့်တင်းနေတဲ့အပြင် သင့်ကလေးအတွက်လည်း နို့ရည်တွေ ထုတ်ပေးနေရပါသေးတယ်။


ဒီလို အလုပ်တွေ အများကြီး ဆောင်ရွက်ရခြင်းဟာ သင့်ခန္ဓာကိုယ်ကို ဝန်ပိစေတဲ့အတွက် နောက်ကလေးတစ်ယောက်ကို ဆက်ယူခြင်းက သင့်ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေတဲ့အပြင် ကလေးအတွက်လည်း အန္တရာယ်မကင်းလှပါဘူး။


ခန္ဓာကိုယ် အနားရဖို့ အတွက်နဲ့ သူ့အလိုလို ကုသပျောက်ကင်းနိုင်ဖို့ အတွက် အချိန် တစ်ခုပေးထားပါ။ ကိုယ်တိုင်လည်း အနားယူချိန်များများ ယူတာက ကလေးကိုလည်း ပိုပြီး ဂရုစိုက်နိုင်မယ့်အပြင် နောက်တစ်ယောက်အတွက်လည်း ပိုပြီးကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးနိုင်မှာပါ။


# နောက်တစ်ကြိမ် ကိုယ်ဝန် ထပ်ယူဖို့ ဘယ်အချိန်က အကောင်းဆုံး ဖြစ်မလဲ ဆိုတာက တစ်ယောက်ချင်းစီ အပေါ် မူတည်ပါတယ်။ ဒါကြောင့် သင့်ရဲ့ လိုအပ်ချက်တွေနဲ့ အခြေအနေတွေကို ဆရာဝန်နဲ့ ပြောပြတိုင်ပင်တာက အကောင်းဆုံး အဖြေ ဖြစ်ပါလိမ့်မယ်။


#HelloMomandBaby #Pregnancy #Momcare #ShortArticle

ခွဲမွေးပြီး ကိုယ်ဝန်ထပ်ဆောင်ဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ!ခွဲမွေးပြီး ကိုယ်ဝန်ထပ်ဆောင်ဖို့ ဘယ်လောက်ကြာအောင် စောင့်ရမလဲ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
6

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်