Urine Test
တစ်ခါကဒီမှာမေးဖူးပါတယ်
ကျွန်တော်တို့ရှေ့လကအတူနေခဲ့ကြတာပါ cd လည်းသုံးခဲ့ပြီး အရေးပေါ်ဆေးသောက်ခဲ့ပါတယ်
ဒါသူ့ဘဝမှာ ဒုတိယအကြိမ်မြောက်သောက်တာပါ
အခုကသူရာသီလာရက်ထက် 10 ရက်ကျော်နေပါပြီမလာသေးပါဘူး ကြားထဲမှာရင်သားနာတာ သွေးနည်းနည်းဆင်းတာ အဖြူဆင်းတာတွေရှိခဲ့ပါတယ် တခြားကိုယ်ဝန်လက္ခဏာတွေတော့မရှိပါဘူး
မနက်ကဆီးစစ်ကြည့်တော့မရှိဘူးလို့ပြပါတယ်
ဒါမယ့်ဟော်မုန်းနည်းသေးရင် လနုသေးရင်မပေါ်ဘူးလည်းဖတ်ဖူးလို့စိုးရိမ်နေဝာာပါ
အဲဒါဘယ်လောက်နေရင်ဆီးထပ်စစ်ရမလဲ Ultrasound ရောရိုက်ရမလား မလာသေးတာနဲ့လက္ခဏာတွေကဆေးကြောင့်ဖြစ်နိုင်လားသိချင်လို့ပါ

















အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။
အတူနေပြီးရက်ကနေ ၃ပတ်ပြည့်ရင် ဆီးစစ်ကြည့်ပါ။ ဒါမှမဟုတ် ရာသီလာမယ့်ရက်မှာ မလာရင် စစ်ကြည့်ပါ။ အဲ့မှာ မပေါ်ရင် မရှိလို့ပါ။