Help doctor

၇လပိုင်းလောက်ကကွန်ဒုံးနဲ့ဆက်ဆံမိပါတယ်ဆရာ ၇လပိုင်းရော ၈လပိုင်းရော ရာသီလာပါတယ် လာတာကလဲ ပုံမှန်တိုင်းဆို၁၆ရက်ဝန်းကျင်လာပါတယ် ဒါမဲ့ ၇ပိုင်းနဲ့၈လပိုင်းမာက လကုန်ခါနီးလောက်မှလာတာပါ ၉လပိုင်းကျတော့ ရာသီမလာတာအခုထိပါဘဲဆရာ ဆီးစစ်ကြည့်တော့လဲမရှိပါဘူး ၉လပိုင်းအတွင်းအခုထိ အဖြူအရမ်းဆင်းပါတယ် ချွဲလိုပစ်ပစ်တွေပါ ဘာဖြစ်လို့လဲဆရာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
6
1

မှတ်ချက် 1ခု

ကိုယ်ဝန်မရှိဘဲနဲ့ ရာသီမလာရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဥပမာ စိတ်ဖိစီးမှုများတာကစလို့ ဟော်မုန်းရောဂါတွေ အထိပေါ့။

အဖြူဆင်းတာက အရင်လတွေကရော မဆင်းလို့လား။ သားဥကြွေခါနီး ဆင်းတဲ့အဖြူက ကြက်ဥအကာလို ခပ်ပျစ်ပျစ်ဆင်းတတ်ပါတယ်။

အဖြူဆင်းတာက ယားတာ၊ အနံ့နံတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာတွေနဲ့ တွဲနေရင် ဆရာဝန်နဲ့ ပြပါ။

ဆီးစစ်ကြည့်တာ ကိုယ်ဝန်မရှိဘူးဆိုရင်တော့ ဘာမှလုပ်စရာ မလိုပါ။ ၁၀လပိုင်းမှာလည်း ရာသီမလာဘူးဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြပါ။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်