emergency pill သောက်ပီး ရာသီ ၂ခါပြန်လာခြင်း
September 11 ရက်နေ့က condom မသုံးပဲ အတူနေလိုက်မိလို့ အဲ့နေ့ကပဲ Lydia ဆေးသောက်လိုက်ပါတယ် ရာသီကတော့ 21 ရက်နေ့မှာလာပီး 23 ရက်နေ့မှာပီးသွားပါတယ်။ 23 ရက်နေ့ ရာသီမပီးခင် condom မသုံးပဲ အတူထပ်နေလိုက်မိလို့ ဆေးထပ်သောက်လိုက်တာ..28 ရက်နေ့မှာ သွေးထပ်ဆင်းနေလို့ ဆေးရဲ့side effect လား ဘာကြောင့်လဲ ဆိုတာ သိချင်လို့ပါ။
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။