For my wife

Hello မင်္ဂလာပါဆရာ ။


ကျတော့်အမျိုးသမီးနဲ့ ယူပြီး ကတည်းက အခုချိန်အထိ အတူတူနေလာတာပါ - February လ က စပြီး အခု September လ အထိပါဆရာ ။


အတူတူနေတိုင်း မနေခင် အမျိုးသမီးစိတ်ပါလာအောင် နှိုးဆွပေးပါတယ် ။


လိငိစိတ်ဖြစ်အောင်နှိုးဆွရင်း အတူတူ စပြီးနေတဲ့အချိန်ကတည်းက အခုအချိန်အထိ အမျိုးသမီး ရဲ့ အင်္ဂါ အတွင်းပိုင်းကို လက်နဲ့ ထိုးကြည့်တဲ့အခါ အထဲမှာ G spot လို့ ခေါ်တဲ့အရာလား ဘာလား မသိပါဘူးဆရာ အဖုအလုံးကြီးကို စမ်းမိပါတယ် အဲ့အလုံးကြီးက ဘာလဲ ဆရာ အမျိုးသမီး သားအိမ်ကျတာမျိုးလားဗျ


အတူတူနေစက ကလေးမယူချင်သေးလို့ အဖော်သုံးပါတယ်ဆရာ နောက်ပိုင်းတော့ အရေးပေါ်တားဆေးကို တစ်လတစ်ခါနီးပါး သောက်ပါတယ်ဆရာ

အရေးပေါ်တားဆေးက ဘေးထွက်ဆိုးကျိုးရှိတယ်ဆိုလို့ အခု September လထဲမှာ ၂၁ လုံးပါတဲ့တားဆေးကဒ် အသုံးပြုခိုင်းထားပါတယ် ။



ကျတော် သိချင်တာက -


၁ ။ကျတော် အမျိုးသမီးရဲ့ မိန်းမ အင်္ဂါအတွင်းပိုင်းမှာ ရှိတဲ့ အဖုအလုံးကြီးက ရောဂါဝေဒနါလား သဘာဝလား ဆရာ ။ ရောဂါဝေဒနါ ဆိုရင် ဆေးကုသပေးချင်လို့ပါဆရာ ။

၂ ။ ကျတော် အမျိုးသမီး က ကျတော် နဲ့ မရခင်ကတည်းက ရာသီမမှန်ပါဘူး ဆရာ တနှစ်နေမှ တခါလာတာပါ။ အဲ့တာလေးလဲ သိချင်ပါတယ် ။ ကျတော်နဲ့ အတူတူ နေပြီး ကတည်းက အခုချိန်ထိ ရာသီ မလာပါဘူးဆရာ ဘာကြောင့်ပါလဲ

၃ ။ ၂၁ လုံးပါတဲ့တားဆေးကဒ်အသုံးပြုတာက ရာသီ မလာပဲ ၇ ရက်သောက်ပြီးမှ အတူတူစနေတာပါ အဲ့ဆေးကဒ်သောက်ပြီးရင် အမျိုးသမီး ရဲ့ အထဲမှာ ပဲ ပြီးလိုက်လို့ ရပါသလား ဆရာ ။ ၇ ရက် ရှောင်ခိုင်းတာက ပထမ စပြီး ဆေးသောက်တုန်းပဲမလားဆရာ ဒါမှ မဟုတ် လတိုင်း ၇ရက်ရှောင်ပြီးမှ အတူတူနေရမှာ လား


ကျေးဇူးပြု၍ ဖြေပေးပါအုံးဆရာ

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
41
4

မှတ်ချက် 4ခု

၁။ အလုံးက သားအိမ်အသားပိုလား၊ တခြားဟာလားဆိုတာ စစ်ဆေးကြည့်မှရမှာပါ။ ဒါကတော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြပြီး စစ်ဆေးရမှာပါ။

၂။ လစဉ် အရေးပေါ်တားဆေးကို သောက်နေတဲ့အတွက် ရာသီိမှန်မှာ မဟုတ်ပါ။

၃။ ပထမစစသောက်ချင်းပဲ ရှောင်ရမှာပါ။ နောက်လတွေ ရှောင်စရာမလိုပါ။ ဆေးကတ်ကိုတော့ ပုံမှန်သောက်နေဖို့ လိုပါတယ်။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Dr Htet Htet Zaw Win

ကျေးဇူးပါ ဆရာ

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

ရိုင်းသလိုဖြစ်သွားရင်တောင်းပန်ပါတယ် 🙏

ကျွန်တော့်မှာ မိန်းမနဲ့ကလေးနှစ်ယောက်ရှိပါတယ် မိန်းမလည်း မလိုက်စားပါဘူး ကျွန်တော့်ရဲ့ အင်္ဂါမှာ ယားဖုလေးသေးသေးလေးကပေါက်ပြီးတော့ အခုတပြင်လုံး သရေတွေကွာပြီး ယားနာပုံစံလိုဖြစ်နေပါတယ် ဆေးခန်းကပေးတဲ့ လိမ်းဆေးတော့လူးတယ် ဒါပေမယ်မသက်သာဘူး အရည်ကြည်က တအားထွက်နေတယ် ခုဆို အရည်ကြည်ဖု တွေထွက်ပြီး အရောင်ကနည်းနည်းညိုနေတယ် ဘာဆက်လုပ်ရမလဲ အန္တရာယ်ရှိလား အကြံပေးပါအုံးဆရာတို့🙏🙏🙏

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

ဆေးခန်းပြထားတယ်ဆိုတော့ ဘာဖြစ်တယ်လို့ ပြောလဲဟင်။ ပိုးဝင်တာလား၊ အရေပြားပြဿနာလား။

နောက်တစ်ခုက လိင်အင်္ဂါမှာ အနာတွေ ဖြစ်နေရင် အမျိုးသမီးနဲ့ မဆက်ဆံနဲ့ဦးနော်။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်