Health
တပတ်တခါကောင်လေးနဲ့အတူနေမိရင်းကောင်လေးကအကာကွယ်ကိုချွတ်ပီးနေတော့အရေးပေါ်ဆေးသောက်မိပါတယ် အရေးပေါ်ဆေးပဲသောက်နေတာ နှစ်ခါရှိပါပီရှင် အဲဆေးသောက်ပီးရာသီလာရမယ့်အချိန်မဟုတ်ဘဲလာနေပါတယ် မရပ်တော့ဘူး ဆရာ၀န်ပြရမလားရှင် အရင်ကလည်း၃ခါ၄ခါလောက်သောက်ဖူးပေမဲ့အခုအခါကရာသီတွေဆင်းနေလို့ပါရှင် တပတ်တခါပဲနေကြပေမဲ့အကာကွယ်မသုံးချင်ဘူးပြောနေလို့ဘလိုလုပ်ရမလဲရှင်
အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။
အရေးပေါ်တားဆေးသောက်ရင် ဒီလိုပဲ ဖြစ်နေဦးမှာပါပဲ။ ဒီတော့ ကိုယ်ဝန်မလိုချင်ဘူးဆိုရင် ကွန်ဒုံးသုံးရင်သုံး မသုံးရင် ပုံမှန်တားနိုင်တဲ့ တားဆေးတစ်ခုခု သုံးပါ။ ဥပမာဆေးကတ်၊ ထိုးဆေး၊ သားအိမ်ထဲ ဒါမှမဟုတ် လက်မောင်းအောက်ထည့်တဲ့ပစ္စည်း။
မြန်မာနိုင်ငံမှာ မိခင်ကျန်းမာရေးကြောင့်ကလွဲပြီး တရားဝင်ကိုယ်ဝန်ဖျက်လို့မရပါ။ ဒါကြောင့် မလိုချင်သေးရင် သေချာတားပါ။