AEIOU
ရာသီလာရက်၂၈ရက်နဲ့လာတဲ့သူဆိုရာသီလာတာရပ်ပီးဘယ်နှရက်မြောက်မာလိင်ဆက်ဆံရင်ကိုယ်ဝန်ရနိုင်မှု့နည်းလည်း
ရာသီလာရက်၃၀ရက်နဲ့လာတဲ့သူဆိုရင်ရောရာသီလာတာရပ်ပီးဘယ်နှရက် မြောက်မာဆက်ဆံရင်ရောကိုယ်ဝန်ရနိုင်ချေနည်းလည်းဖြေပေးပါဘာလားဆရာတို့ဥပမာ ရာသီရပ်တာ3ရက်နေ့ကဆိုနောက်ထပ် 15ရက်ကြာမှဆက်ဆံရမာလားရက်20ကြာမှဆက်ဆံရမာလားအ့လိုမျိုးမသိပဲဆက်ဆံမိရင်ကိုယ်ဝန်ရမှာစိုးရိမ်လို့
နောက်ထပ်ရာသီရက်မတိုင်ခင် ၁၄ရက်မြောက်နေ့က သာားဥကြွေမယ့်ရက်ပါ။ သားဥကြွေမယ့်ရက် မတိုင်ခင် ၅ရက်နဲ့ ကြွေပြီး ၁ရက်မှာ လိင်ဆက်ဆံတာကို ရှောင်သင့်ပါတယ်။
ဥပမာ ရာသီစက်ဝန်းက ၂၈ရက်ဆိုရင် ရာသီစလာတဲ့ရက်ကနေ ၁၄ရက်မြောက်နေ့က သားဥကြွေတဲ့ရက်ပါ။ ရာသီစက်ဝန်းက ရက်၃၀ဆို ရာသီစလာတဲ့ရက်ကနေ ၁၆ရက်နေ့က သားဥကြွေတဲ့ရက်ပါ။
ဒါတွေနဲ့ မတွက်တတ်ရင် https://hellosayarwon.com/health-tools/ovulation-calculator/ မှာ အလွယ်တကူ တွက်လို့ရပါတယ်။
တစ်ခုရှိတာက ရက်ရှောင်နည်းတွေက စိတ်မချရပါဘူး။ ဒါကြောင့် တခြားသန္ဓေတားနည်းလမ်းတစ်ခုခုနဲ့ တွဲသုံးပါ။
hellosayarwon.com