🔥 ရေပန်းစားသောအကြောင်းအရာ

ဘာလို့ ခုထိ ကိုယ်ဝန်မရ​သေးတာပါလိမ့်

အရွယ်ကောင်းဖြစ်ပြီး ကိုယ်ဝန်ရဖို့ ကြိုးပမ်းတာလည်း ၆ လ ထက်မနည်းကြာမြင့်လာချိန်မျိုးမှာ ကိုယ်ဝန်မရသေးဘူးဆိုရင် တစ်ချို့များက မြုံနေလို့ တစ်ခုခုချို့ယွင်းနေလို့လို့ ထင်တတ်ကြပါတယ်။ ကိုယ်ဝန်မရ တိုင်း ကိုယ်မစွမ်းလို့ သူမစွမ်းလို့ဆိုတာမျိုး တစ်ထစ်ချတွေးထင်လို့တော့ မရပါဘူး။ တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။


အမျိုးသားတွေမှာဆိုရင်တော့ -


◽သုက်ကောင်အရေအတွက်နည်းပါးတာ

◽Sperm Motility

◽ပုံမှန်မဟုတ်တဲ့ ပုံစံမျိုးနဲ့ သုက်ကောင်တွေရှိနေတာ

◽သုက်ရည်ပြွန် ပိတ်ဆို့နေတာ

◽ယာယီ သုက်ရည်ထွက်နှုန်းနည်းပါးတာ

◽လိင်အင်္ဂါနဲ့ ဝှေးစေ့တို့မှာ ဒဏ်ရာရရှိနေတာ

◽သုက်ရည်အရည်အသွေးကို ထိခိုက်စေနိုင်တဲ့ ဆေးဝါးတွေကို မှီဝဲနေရတာ

◽အရက်နဲ့ ဆေးလိပ် အလွန်အကျွံမှီဝဲသုံးစွဲတာ

◽အသက် ၄၀ ကျော်လာတာတွေပါ။


သုက်ပိုးတွေရဲ့ အရည်အသွေးက ကလေးရနိုင်ခြေ အပေါ် အများကြီး လွှမ်းမိုးနေပါတယ်။ အရည်အသွေး ညံ့ဖျင်းတဲ့ သုက်ပိုးတွေက မမျိုးဥဆီ ရောက်ရှိဖို့ ခက်ခဲသွားတာကြောင့် မျိုးအောင်နိုင်ခြေသည် လျော့ကျသွားပါတယ်။ အမျိုးသားတွေဟာ အသက် ၃၀ ကျော်လာတာနဲ့ တစ်နှစ်ကို ၁% လောက် သုက်ရည် အရည်အသွေး ကျဆင်းလာတတ်တာပါတယ်။


အမျိုးသမီးတွေမှာတော့ -


▪️ သားအိမ်ကနေ မမျိုးဥကို အောင်အောင်မြင်မြင်မထုတ်လုပ်နိုင်တာ

▪️ကိုယ်ဝန်ရစေမယ့် မမျိုးဥကို သားအိမ်ကနေ မထုတ်လုပ်ပေးနိုင်တဲ့ အခြေအနေ ခံစားနေရတာ

▪️သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု ဖြစ်နေတာ

▪️သားအိမ်ကနေထုတ်လုပ်လိုက်တဲ့ သားဥတွေဟာ သားအိမ်ပြွန်ကနေ ကောင်းစွာထွက်မလာနိုင်တာ

▪️ဆေးလိပ်နဲ့ အရက်သေစာ မှီဝဲတာ

▪️ကိုယ်အလေးချိန် များနေတာ၊ အဝလွန်တာ

▪️cervical mucus လို့ခေါ်တဲ့ မိန်းမကိုယ်အချွဲကလည်း မအင်္ဂါအတွင်း ဝင်ရောက်လာတဲ့ သုက်ပိုးတွေကို ထိခိုက်အောင်လုပ်တာတွေပါ။ ဒီအချက်တွေက ကိုယ်ဝန်မရနိုင်အောင် တားဆီးနေတာပါ။


#HelloMomandBaby #Parenting #ShortArticle

ဘာလို့ ခုထိ ကိုယ်ဝန်မရ​သေးတာပါလိမ့်ဘာလို့ ခုထိ ကိုယ်ဝန်မရ​သေးတာပါလိမ့်
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
9

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်