🔥 ရေပန်းစားသောအကြောင်းအရာ

Hello Sayarwon

ဆရာမတို့ ဆရာတို့ရေ - မေးခွန်းလေး ၃ ခု မေးချင်လို့ပါ။

ကျမက အသက် ၃၅ နှစ်ပြည့်ပြီးသူပါ။ တခါမှ ကိုယ်ဝန်မဆောင်ဖူးပါဘူး။ နောက်ဆုံးရာသီလာခဲ့တဲ့ရက်က July 16 ပါ။ period cycle က stress မရှိတဲ့ ပုံမှန်ဆို 28 days ပါ။ August 20 မှာ ဆီးစစ်တော့ faint positive line လေး ပေါ်ပါတယ်။ ထပ်တော့ မစစ်ရသေးပါဘူး။ ခုထိလည်း ရာသီမပေါ်ပါဘူး။ ရင်သားနာတာ၊ nipples တွေ နည်းနည်း ကြီးလာတာ၊ ဗိုက်ထဲလေတွေပွပြီး နေလို့မကောင်းတာနဲ့ cramps လေးတွေကို August 14-15-16-17-18-19 ရက်တွေမှာ သိသိသာသာခံစားရပါတယ်။ August 20 က စပြီး အဲ့ symptoms လေးတွေ ရပ်သွားပါတယ်။ တခါတလေ ဗိုက်အောက်ပိုင်းဘယ်ဘက်နားဆီက cramps လေးတွေနဲ့ ရင်သားက ဖိကြည့်မှ မျှင်းမျှင်းလေးနာတာက လွဲလို့ပါ။ ပါးစပ်တော့ ခဏတိုင်းခြောက်ပါတယ်။ အစားသောက်မပျက်၊ nausea မရပါ။ Hello Sayarwon မှာ တွက်ကြည့်တော့ ကိုယ်ဝန်က ၆ ပတ်ဆိုပေမယ့် ကျမနဲ့ အမျိုးသား နောက်ဆုံးရာသီလာအပြီး အတူနေတာက July 26-27 နှစ်ရက်တည်းပါပဲ။ ဒါကြောင့် -


၁) ကိုယ်ဝန်က တကယ် ဘယ်နှပတ်ထဲမှာလဲ။ (ဒါမှမဟုတ် ထပ်ဆီးစစ်ကြည့်ရဦးမှာလားရှင့်။)

၂) သိသာခဲ့တဲ့ symptoms တွေရပ်သွားပြီး ရာသီပြန်မပေါ်လာသေးလည်း early pregnancy miscarriage ဖြစ်နိုင်ပါသလားရှင့်။

၃) ၃၅ ပြည့်ပြီးသားဆိုတော့ ectopic pregnancy နဲ့ other complications တွေ ဘယ်လောက်ဖြစ်နိုင်ချေရှိလဲ၊ စစ်ထားလို့ရပြီလားရှင့်။

ကျေးဇူးပါရှင့်။

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
29
1

မှတ်ချက် 1ခု

(၁) ဆီးထပ်စစ်ကြည့်ပါ။ ရင်သားနာတာ၊ ပွတာတွေက ရာသီလာခါနီးရင်လည်း ခံစားရတတ်ပါတယ်။ နောက်ပြီး ရာသီရက်တွေက စောတာ၊ နောက်ကျတာလည်း ဖြစ်တတ်တော့ ဒီလအတွက် မလာသေးတာလည်း ဖြစ်နိုင်ပါတယ်။

(၂) ဖြစ်နိုင်ပါတယ်။ တချို့တွေဆို ကိုယ်ဝန်ရှိတာလည်း မသိလိုက်၊ ပျက်တာလည်း မသိလိုက်ပါဘူး။

(၃) အသက်ကြီးလာရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေက များပါတယ်။ ဥပမာ ကလေးမျိုးဗီဇပြဿနာတွေကစလို့ ကိုယ်ဝန်ဆောင်ချိန် သွေးတိုး၊ ဆီးချို၊ ကိုယ်ဝန်ဆိပ်တက်တာလိုမျိုးပေါ့။ Ectopicကတော့ ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ခြေရှိပါတယ်။


ကောင်းတာကတော့ ကိုယ်ဝန်ယူမယ်လို့ စဉ်းစားထားရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ကြိုပြထားပါ။ ကိုယ်ဝန်ဆောင်အားဆေးတွေ (ဒါက ခုတည်းက ကိုယ့်ဟာကိုယ် သောက်ထားလို့ ရပါတယ်)၊ လိုအပ်ရင်သားအိမ်ခိုင်ဆေးတွေ ပေးပါလိမ့်မယ်။ မိခင်နဲ့ ကလေးမှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကိုလည်း ကြိုပြီး တိုင်ပင်ထားလို့ ရပါတယ်။


လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်