🔥 ရေပန်းစားသောအကြောင်းအရာ

ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား...

ဘေဘီလေးက အစာမာတွေ စစားတတ်လို့ အသီးလေးတွေကိုလည်း ကျွေးနေပြီပေါ့။ ဒီအချိန်မှာ မေမေတို့က ဒူးရင်းသီးစားတဲ့အခါ ကလေးက နံတယ် မစားဘူး ပြောရင်တော့ ကိစ္စ မရှိပေမယ့် ကလေးက ဒူးရင်းသီးကို ကြိုက်လို့ စားချင်ဆိုရင် ကျွေးရ မကျွေးရ အခက်တွေ့ပြီပေါ့။ ဒီတော့ မေမေတွေ ခေါင်းထဲမှာ ဖြေရှင်းရခက်နေတဲ့ ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ ရမလားဆိုတဲ့ မေးခွန်းလေးကို အဖြေထုတ်ပေးမယ်နော်။


ဘေဘီလေး ဒူးရင်းသီး စားလို့ ရပါ့မလား! ဆိုတော့ ရပါတယ်။ အရမ်း အများကြီးတော့ မဟုတ်ဘူးပေါ့။ နည်းနည်းပေါ့။ ဒီလို ပြောရတာက ဒူးရင်းသီးမှာက အာဟာရ ပါဝင်မှု များသလို သကြားဓာတ် ပါဝင်မှုကလည်း အတော်များပါတယ်။


ဒူးရင်းသီးမှာ ပရိုတင်း၊ ဗီတာမင်တွေ၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ phosphorus နဲ့ သံဓာတ်တို့ ပါဝင် နေပြီး ပုံမှန်အားဖြင့်တော့ အာဟာရ ကြွယ်ဝပြီး ကျန်းမာရေးကို အထောက်အကူပြုပေးတဲ့ အသီးတစ်မျိုးပါ။


အများကြီးတော့ မကျွေးပါနဲ့

ဒူးရင်းသီးက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပေမယ့် ဒီအမျှင်ဓာတ်က ရေကို အလွယ်တကူ စုပ်ယူနိုင်ပြီး အူတွေ အစာအိမ်တွေကို တင်းစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ဒူးရင်းသီး အများကြီး ကျွေးမိမယ်ဆိုရင် လေပွတာ၊ ဝမ်းချုပ်တာတွေ ဖြစ်စေနိုင်ပါတယ်။


ဒူးရင်းသီးမှာ နေ့စဉ် လိုအပ်တဲ့ အမျှင်ဓာတ် ပြည့်ဝစွာပါပေမယ့် သွားတွေက အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ သားသားမီးမီးတို့ အနေနဲ့ တော်တော်လေး ကိုက်ဖြတ်ရပါတယ်။ ဒီတော့ ကလေးက ဒူးရင်းသီးကို သေချာ မဝါးမိဘဲ မျိုချလိုက်မယ်ဆိုရင် နင်တာ၊ သီးတာနဲ့ အစာခြေစနစ် ပြဿနာတွေ ဖြစ်လာစေမှာပါ။


သတိထားရမယ့် အချက်လေးတွေ

ဒီနေရာမှာ မှာချင်တာက ကလေးက တစ်နှစ် မပြည့်သေးဘူးဆိုရင်တော့ ဒူးရင်းသီးကို လုံးဝမကျွေးတာ အကောင်းဆုံးပါ။ ဒူးရင်းသီးက အစာကြေဖို့ ခက်သလို အနံ့အရသာ ပြင်းတာ၊ သကြားဓာတ် ပါဝင်မှုမြင့်တာတွေကို ကလေးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

နောက်တစ်ခုက သေချာ မဝါးမိဘဲ မျိုချလိုက်မိတဲ့ ဒူးရင်းသီး အသားတွေက လည်ချောင်းမှာ အစာနင်တာ၊ လေပြွန်ပိတ်တာလိုမျိုး ပြဿနာတွေ ခံစားရစေနိုင်ပါတယ်။

တကယ်လို့ ကျွေးချင်တယ်ဆိုရင်တော့ ကလေးရဲ့ ဖွံ့ဖြိုးမှု၊ စားသောက်တဲ့ ပုံစံကို ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှပဲ ကျွေးသင့်ပါတယ်၊၊

ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား...ဘေဘီလေးကို ဒူးရင်းသီး ကျွေးလို့ရလား...
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
11

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်