🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ချိန် ခြေသလုံး ကြွက်တက်တာ စိုးရိမ်ရလား!

ဒီနေရာမှာ အရင်ဆုံး ပြောချင်တာက ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသလုံးကြွက်တက် တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေ တစ်ခုလို့ပဲ ဆိုပါရစေ။ ကိုယ်ဝန်ဆောင်ချိန်ရဲ့ ဒုတိယ ၃ လပတ်နဲ့ တတိယ ၃ လပတ်တွေမှာ ခြေသလုံး ကြွက်တက်တာက ပိုအဖြစ်များပြီး ညဘက်တွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။


ဘယ်လိုသက်သာအောင်လုပ်မလဲ………

ကိုယ်ဝန်ဆောင် မေမေ ကြွက်တက်လာပြီဆိုရင်တော့ ဒီနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။


  • ခြေသလုံးကြွက်သားကို အကြောလျှော့ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ညအိပ်ရာမဝင်ခင် ခြေသလုံး ကြွက်သားတွေကို အကြောလျှော့ပေးတာက ကြွက်တက်တာကို သိသိသာသာ သက်သာစေနိုင်မှာပါ။


  • လှုပ်ရှားမှုရှိပါစေ

ကိုယ်ဝန်ဆောင်ချိန်မှာ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်ရဘူး ဆိုပေမယ့် သင့်တင့်တဲ့ လှုပ်ရှားမှုလောက်တာ့ လုပ်ပေးဖို့ လိုပါမယ်။


  • မဂ္ဂနီဆီယမ် ဖြည့်ပေးပါ

ကြွက်တက်ခြင်း ကင်းစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ ကောက်နှံတွေ၊ ပဲအမျိုးမျိုး၊ သစ်သီးခြောက်တွေ နဲ့ အစေ့အဆန်တွေကို စားပေးပါ။


  • ရေဓာတ်ပြည့်ဝအောင်နေပါ

ရေဓာတ်ပြည့်ဝတာက ကြွက်တက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ မကြာခဏ ရေသောက်ပေးပါ။ ရေဆာပြီဆိုတာနဲ့ ရေတဝသောက်ပေးပါ။


  • ကယ်လ်ဆီယမ် လုံလောက်အောင်စားသုံးပါ

ကိုယ်ဝန်ဆောင်နေချိန်မှာ တစ်နေ့ကို ကယ်လ်ဆီယမ်ပမာဏ ၁၀၀၀ မီလီဂရမ် ပြည့်ဝအောင် စားသုံးပေးဖို့ လိုပါမယ်။ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးပေးလို့ ရပါတယ်။


  • သင့်တော်တဲ့ ဖိနပ်ရွေးချယ်ပေးပါ

ဖိနပ်ရွေးချယ်တဲ့အခါ သက်သောင့်သက်သာဖြစ်တာမျိုးကို ရွေးချယ်ပေးပါ။ ဒီလိုရွေးချယ်တာက သွားလာလှုပ်ရှားတဲ့အခါ သက်သောင့်သက်သာဖြစ်စေပြီး ကြွက်မတက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ခုံမြင့်ဖိနပ်တွေကို တတ်နိုင်သမျှ ရှောင်ပါ။

ကိုယ်ဝန်ဆောင်ချိန် ခြေသလုံး ကြွက်တက်တာ စိုးရိမ်ရလား!ကိုယ်ဝန်ဆောင်ချိန် ခြေသလုံး ကြွက်တက်တာ စိုးရိမ်ရလား!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
5

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်