ရာသီရက်နောက်ကျခြင်း
ကျွန်တာ်ကာင်မလေးနဲ့ 17.6.2023မှာအတူနေမိပါတယ်ဗျ။ကွန်ဒုံးသုံးပေမဲ့စနစ်တကျမဖြစ်လို့အရေးပေါ်တားဆေးတိုက်လိုက်ပါတယ်။သူပုံမှန်ရာသီလာရက်ထက်နှစ်ရက်စောပြီး1.7.2023မှာရသီလာပါတယ်။ရာသီသွေးကပုံမှန်ထက်နဲပြီးလာတယ်လာတဲ့တဲ့ရက်ကလဲ 3 ရက်လောက်ပါပဲဗျ။7.7.2023မှာအကာအကွယ်စနစ်တကျသုံးပြီးထပ်နေမိပါတယ်။ပိုပြီးစိတ်ချချင်လို့အရေးပေါ်တားဆေးထပ်တိုက်လိုက်မိပါတယ်။12.7.2023မှာရာသီပြန်လာပါတယ်။ပုံမှန်ထက်များပြီးသုံးရက်လောက်ပဲလာပါတယ်။အခု6.8.2023ထိရာသီကပြန်မလာသေးလို့။ကိုယ်ဝန်ရှိနေလို့ရာသီမလာတာလား။အရေးပေါ်တားဆေးကြောင့်ရာသီလာရက်နောက်ကျနေတာလားသိချင်ပါတယ်ဗျ။ဆရာဖြပေးစေလိုပါတယ်ခင်ဗျ။

















အရေးပေါ်တားဆေးတွေက ရာသီမမှန်တာ၊ မလာတာ၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ ဒါ့ပြင် ရင်သားတင်းတာ၊ ပျို့အန်ချင်တာ၊ ခေါင်းမူးတာ၊ နေထိုင်မကောင်းတာလည်း ဖြစ်တတ်ပါတယ်။