🔥 ရေပန်းစားသောအကြောင်းအရာ

သားသားမီးမီး ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ ပြင်ဆင်ပေးဖြစ်လဲ!

မိုးရာသီဆိုတာက ကလေး အဖျားအနာ များတဲ့ ကာလပါ။ ဒီကာလမှာ ကလေးကို ဖျားနာမှု ကင်းစေဖို့ ဘာတွေများ ပြင်ဆင်ပေးဖြစ်လဲ မေမေတို့ရေ …..


ဘာတွေပြင်ဆင်ပေးရမလဲ မသိဘူးဆိုရင်တော့ အတူတူ ကြည့်လိုက်ရအောင်နော်။


ကြက်သား စွပ်ပြုတ် - ကြက်သား စွပ်ပြုတ်ကို ပြောင်းဖူး၊ မုန်လာဥနီ စတာလေးတွေနဲ့ ပြုတ်ပေးတာက သားသားမီးမီးတို့ကို ခံတွင်းတွေ့စေသလို ကိုယ်ခံအားလည်း ကောင်းစေမှာပါ။ ဒီတော့ ထမင်းမစားချင်လည်း စွပ်ပြုတ်အရည်သောက်လေးတော့ ကလေးက သောက်ဖြစ်နိုင်တာကြောင့် ပြင်ဆင်ပေးလို့ ရပါတယ်။


ကြက်ဥပြုတ် - ကြက်ဥပြုတ်ဆိုပေမယ့် ကလေးကို ငုံးဥလေးလည်း ပြုတ်ပေးလို့ ရပါတယ်။ ကြက်ဥလေးကို ပြုတ်ပြီး ဆီလေးပါတယ်ဆိုရုံလေးနဲ့ နယ်ပေးတာကလည်း ကလေးကို အကြိုက်တွေ့စေမယ့် ကိုယ်ခံအားဖြည့် အစားအစာလေးပါ။


ပန်းဂေါ်ဖီစိမ်း ကြော် - ဆီနည်းနည်း ပဲငံပြာရည် ပါတယ်ဆိုရုံလေး ထည့်ပြီး ကြော်ထားတဲ့ ပန်းဂေါ်ဖီစိမ်းကြော်က ကလေးတော်တော်များများ သဘေကျတဲ့ စားစရာလေး တစ်မျိုးပါ။ ပန်းဂေါ်ဖီစိမ်းက အစာခြေစနစ် ကျန်းမာစေသလို ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးပါတယ်။


ဒိန်ချဉ် - ဒိန်ချဉ်က အစာခြေစနစ် ကျန်းမာစေသလို ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အချိုတစ်ခါတည်း ထည့်ထားတာမျိုး မဟုတ်တဲ့ ဒိန်ချဉ်လေးကို ပြင်ဆင်ပေးတာက ကလေးကို ကျန်းမာစေဖို့ ထောက်ကူပေးတာပါပဲ။


ကန်စွန်းဥ - ကန်စွန်းဥကို ပြုတ်ပေးလို့ ရသလို မီးဖုတ်ပြီး ပြင်ဆင်ပေးလို့လည်း ရပါတယ်။ နောက်တစ်မျိုးက သာကူထဲ ထည့်ကျိုပေးတာပါ။ ကန်စွန်းဥက အစာခြေစနစ် ကျန်းမာစေသလို ကိုယ်ခံအားလည်း တက်စေနိုင်ပါတယ်။


ဒါလေးတွေအပြင် အာဟာရ ပြည့်ဝစေနိုင်တဲ့ အစေ့အဆန်လေးတွေ၊ မှို၊ ပေါင်မုန့်ညိုစတာလေးတွေကိုလည်း ပြင်ဆင်ပေးလို့ ရပါတယ်။

သားသားမီးမီး ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ ပြင်ဆင်ပေးဖြစ်လဲ!သားသားမီးမီး ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ ပြင်ဆင်ပေးဖြစ်လဲ!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
5

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်