ကိုယ်၀န်ရှိ မရှိနှင့် ဆီးစစ်ရမည့်ရက်

5.6.2023မှာ နောက်ဆုံးရာသီလာခဲ့ပါတယ်။

7.7.2023မှာ အတူနေခဲ့ပါတယ်။ အကာအကွယ်ရော emergency pill ရော မသုံးခဲ့မိပါဘူး။ လိင်တံက vaginaထဲအထိလည်း မ၀င်ပါဘူးရှင့်။ သုတ်ကိုလည်းအပြင်မှာပဲ လွှတ်ခဲ့ပါတယ်။ နဂိုကတည်းက ရာသီက ပုံမှန်မဟုတ်ပါ။ 22.7.2023 မနက်ပိုင်းမှာ ဆီးစစ်ကြည့်ခဲ့တာတစ်ကြောင်းပဲပေါ်ပါတယ်။


အဲ့တာ ကိုယ်၀န်ရနိုင်ခြေရှိမရှိသိချင်ပါတယ်ရှင့်။

နောက်ထပ်ဆီးထပ်စစ်ဖို့ရောလိုသေးလားရှင့်။(ဘယ်နေ့လောက်မှာ ထပ်စစ်သင့်လဲရှင့်)

ပြီးတော့ ရာသီပုံမှန်မလာတာအတွက်လည်း ဘယ်လိုဆေးမျိုးအသုံးပြုသင့်လဲရှင့်။

ကိုယ်၀န်ရှိ မရှိနှင့် ဆီးစစ်ရမည့်ရက်ကိုယ်၀န်ရှိ မရှိနှင့် ဆီးစစ်ရမည့်ရက်
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
130
5

မှတ်ချက် 5ခု

နောက်ဆုံးအတူနေခဲ့တဲ့ရက်ကနေ ၃ပတ်ပြည့်တဲ့အခါ ထပ်စစ်ကြည့်ပါ။ ရာသီမမှန်ဘူးဆိုတာ ရက်မမှန်တာလား၊ တစ်လတစ်ခါ မလာတာလား။ ရာသီက ဘယ်နှရက်တစ်ခါလောက် လာတတ်သလဲ (ဥပမာ ရက်၃၀တစ်ခါ၊ ၂၈တစ်ခါ) စသဖြင့်။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

သားဖွားမီးယပ်ဆရာဝန်နဲ့ ပြကြည့်ပါ။ လိုအပ်ရင် ရာသီမှန်အောင် ဟော်မုန်းဆေးတွေနဲ့ ပြန်ညှိပေးလို့ရပါတယ်။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1
@Dr Htet Htet Zaw Win

အသက် ၁၄မှာရာသီစလာပါတယ်ရှင့်။

အခုက ၂၁နှစ်ထဲမှာပါ။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အသက်ဘယ်လောက်မှာ ရာသီစလာတာလဲ၊ အခု အသက်ဘယ်လောက်ရှိပြီလဲ။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။
1

Dr Htet Htet Zaw Win

တစ်လတစ်ခါ ပုံမှန်မလာတာပါ။


တစ်ခါတစ်လေ တစ်လတစ်ခါလာပါတယ်။ တစ်ခါတစ်လေ နှစ်လတစ်ခါလာပါတယ်။ တစ်ခါတစ်လေ သုံးလတစ်ခါလာပါတယ်။ အဲ့လိုမျိုးပါရှင့်။

လွန်ခဲ့သော 2 နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်