🔥 ရေပန်းစားသောအကြောင်းအရာ

ဘေဘီလေးတွေအတွက် ဖေဖေတို့ရဲ့ ကျန်းမာရေးကဏ္ဍ

တကယ်တမ်းတော့ အမျိုးသားအများစုကလည်း သူတို့ရဲ့ သုက်ပိုးတွေဟာ မမျိုးဥတွေလိုပဲ အရေးကြီးတယ်ဆိုတာကို သတိမထားမိကြပါဘူး။ လေ့လာမှုတွေကတော့ ဆီးချို ဒါမှမဟုတ် အဝလွန်ရောဂါ ရှိသူတွေရဲ့ သုက်ပိုးတွေက ကလေးမှာလည်း အဝလွန်ရောဂါဖြစ်နိုင်ခြေကို တိုးစေပါတယ်လို့ သိရပါတယ်။ ဒါကြောင့် သင်က ကျန်းမာသန်စွမ်းတဲ့ ကလေးလေးရဲ့ ဖေဖေဖြစ်လိုတယ်ဆိုရင် ကိုယ်တိုင်ရဲ့ ဘဝနေထိုင်မှုပုံစံကို ခုပဲချိန်ညှိလိုက်ပါ။

၁။ အရက်သောက်ခြင်းကို ထိန်းချုပ်ပါ။

လေ့လာသူတွေကတော့ အရက်သောက်ခြင်းဟာ အမျိုးသားတွေဆီမှာ ပုံမှန်မဟုတ်တဲ့ သုက်ပိုးတွေကို ထုတ်လွှတ်ပေးနေရခြင်းရဲ့ အကြောင်းရင်းပါလို့ဆိုပါတယ်။ တစ်ရက်ကို ၁ ခွက် သို့မဟုတ် ၂ ခွက်သောက်နိုင်ပေမယ့် ဒီထက်တော့ ပိုမသောက်မိပါစေနဲ့။

၂။ တက်တက်ကြွကြွနေပါ။

ကဲ .... လှုပ်လှုပ်ရှားရှားနေဖို့ အချိန်တန်ပါပြီ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ အမျိုးသားတွေ မျိုးအောင်နိုင်စွမ်းကို တိုးစေပါတယ်။ တစ်ပတ်ကို ၃ကြိမ် နာရီဝက်လောက် အချိန်ပေးပြီး လေ့ကျင့်ခန်းတွေကို စတင်သင့်ပါပြီ။ ပြေးခြင်း၊စက်ဘီးစီးခြင်း၊ ရေကူးခြင်း အစရှိသဖြင့်ပေါ့။ ဒါတွေထဲက သင်ကြိုက်ရာကိုရွေးပြီးသာ ပုံမှန်လုပ်ပါ။

၃။ အလေးချိန်ထိန်းပါ။

အလေးချိန်များလွန်းနေတာဟာ သုက်ပိုးအရေအတွက်ရော အရည်အသွေးတွေကိုပါ ထိခိုက်စေပါတယ်။ ပြီးတော့ အဝလွန်စေနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ်အလေးချိန်များနေတယ်ဆိုရင် ပေါင်အနည်းငယ်ကျသွားအောင် ကြိုးစားလိုက်ပါ။ ကလေးအတွက် (သင့်အတွက်ရောပေါ့ ) ကာဘိုဟိုက်ဒရိတ်နည်းပြီး ပရိုတင်းများတဲ့ မျှတတဲ့ စားသောက်မှုအလေ့အထကို မွေးမြူပါ။ ပြီးရင်တော့ လေ့ကျင့်ခန်းလုပ်ပါ။

၄။ အားဆေးသောက်ပါ။

မိခင်လောင်းကပဲ ဗီတာမင်တွေလိုနေတာမဟုတ်ပါဘူး။ သုက်ပိုးအတွက် တာဝန်ရှိသူကလည်း ဗီတာမင်တွေ လိုတာပါပဲ။ ဗီတာမင်တွေဟာ သုက်ပိုးတွေရဲ့ကျန်းမာရေးကို သိသာထိရောက်စွာ ကောင်းမွန်စေတာကြောင့် ဒါဟာလည်း ကျန်းမာတဲ့ကလေးကို ရစေနိုင်တာပါပဲ။

ကလေးတစ်ယောက် ရဖို့ဆိုတာ မိခင်တစ်ယောက်တည်းပေါ်ပဲ မူတည်နေတာမဟုတ်ပါဘူး။ သင်က ဖခင်တစ်ယောက်ဖြစ်လိုတယ်ဆိုရင် သင့်ကျန်းမာရေးကို ဂရုစိုက်ပါ။

ဘေဘီလေးတွေအတွက် ဖေဖေတို့ရဲ့ ကျန်းမာရေးကဏ္ဍ ဘေဘီလေးတွေအတွက် ဖေဖေတို့ရဲ့ ကျန်းမာရေးကဏ္ဍ 
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
8

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်