ကိုယ်ဝန်ရှိမရှိ
ကောင်မလေးက 6 လပိုင်း 13 ရက်မှာ ရာသီလာခဲ့ပါတယ်။ ကျနော်တို့က 28 ရက်နေ့မှာ အတူနေဖြစ်ပါတယ်။ ကွန်ဒုံးသုံးပြီးနေပေမယ့်လည်း ပေါက်ပြဲသွားလို့ အပြင်မှာပဲပြီးပြီး အရေးပေါ်တားဆေး ( lydia 1 safe pill)တိုက်ခဲ့ပါတယ်။
ဆေးတိုက်ပြီး 5 မိနစ်လောက်နေတော့ ကွန်ဒုံးနဲ့ အတူထပ်နေမိပါတယ်။ ထပ်ပေါက်ပြန်ပါတယ်။ သိတာနဲ့ ချက်ချင်း အပြင်ထုတ်ခဲ့ပါတယ်။
ကိုယ်ဝန်ရနိုင်လား သိချင်ပါတယ် ခင်ဗျ။

















တားဆေးသောက်ထားတယ်ဆိုတော့ ကိုယ်ဝန်ရနိုင်ခြေတော့ နည်းပါတယ်။ ၂၄နာရီအတွင်းဆိုရင် တားဆေးက တစ်ကြိ်မ်သောက်ရင် လုံလောက်ပါတယ်။
ကွန်ဒုံးက ဘာလို့ ခဏခဏ ပေါက်တာလဲဆိုတာကို စဉ်းစားကြည့်ပါဦး။ ဆိုဒ်မတော်လို့ များလား။