🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ချိန်မှာ တံထွေးတွေ အများကြီး ထွက်တာ ပုံမှန်ပဲလား!

အရင်က တံထွေးတွေ အဲ့လောက် များများ ထွက်တာမျိုး မရှိပါဘူး။ ခုမှ တံထွေးတွေ အများကြီး ထွက်နေတယ်။ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုရယ်ဆိုလို့ ကိုယ်ဝန်ဆောင်တာတော့ ရှိတယ်။ ဒါဆို ကိုယ်ဝန်ဆောင်ချိန် တံထွေး အများကြီးထွက်တာ ပုံမှန်ပဲလား။

ဘာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တံထွေးတွေ အများကြီးထွက်နေရတာလဲ…….


ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်း ကိုယ်ဝန်ဆောင် ဟော်မုန်း ပြောင်းလဲတာကြောင့် တံထွေးဂလင်း အလုပ်လုပ်ပုံ ပြောင်းလဲပြီး တံထွေးတွေ အများကြီး ထွက်လာရတာပါ။ တံထွေး ထုတ်လွှတ်တဲ့ ဂလင်းတွေကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေရဲ့ လှုံ့ဆော်မှုကြောင့် တံထွေးတွေက ပုံမှန်ထက် ပိုထွက်နေတာပါ။ တံထွေး အများကြီးထွက်တာက ကိုယ်ဝန်ဆောင်ချိန်မ မအီမသာဖြစ်တာနဲ့လည်း ဆက်စပ်နေပါတယ်။

ကိုယ်ဝန်ဆောင်ချိန် တံထွေး အများကြီးထွက်တာ ပုံမှန်ပဲလား………….. စိုးရိမ်ရလား……


အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ်ဝန်ဆောင်ချိန်မှာ တံထွေး အများကြီး ထွက်တာက ပုံမှန်ပါပဲ။ စိုးရိမ်စရာ မရှိပါဘူး။ ညအိပ်တဲ့အခါ တံထွေးတွေ စီးကျတာမျိုး ဖြစ်နိုင်သလို တံထွေးကို မျိုချဖို့ ခက်ခဲပြီး ခဏခဏ ထွေးနေရတာမျိုးလည်း ရှိနိုင်ပါတယ်။ မအီမသာ ခံစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေအပြင်

• စကားပြောတဲ့အခါ တံထွေး ထိန်းရခက်ပြီး တံထွေးတွေ ထွက်ကျတာမျိုး

• ပါးရောင်နေသလို ခံစားရတာမျိုး (တံထွေးဂလင်း ရောင်နေတာကြောင့် ပါးရောင်တာပါ)

• အစားမစားချင်တာမျိုး

• ကောင်းကောင်း အိပ်မပျော်ဘဲ ခြေကုန်လက်ပမ်း ကျနေတာမျိုးတွေ ခံစားရနိုင်ပါတယ်။


ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။ ဘယ်အချိန်ဆို သက်သာသွားမလဲ……


တံထွေးတွေ အများကြီး ထွက်တာက ကိုယ်ဝန်ဆောင် ဒုတိယ (၃) လပတ်ကို ရောက်တဲ့အခါ သူ့အလိုလို သက်သာသွားကြတာ များပါတယ်။ အချို့ မေမေတွေမှာတော့ ဘေဘီလေးကို မွေးဖွားပြီးမှ သက်သာသွားတာမျိုး ရှိပါတယ်။

ကုသလို့ ရလား…….


တံထွေးတွေ အများကြီး ထွက်တာကို ကုသတဲ့ နည်းလမ်းရယ်လို့ တိတိကျကျ မရှိပါဘူး။ ဒါပေမယ့် သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ကြည့်လို့ ရပါတယ်။

• တံထွေးထွေးလို့ရမယ့် အိတ်၊ ခွက်စတာတွေကို သွားလေရာကို ယူသွားပါ။

• တစ်သျှူး သုံးပါ

• ရေသောက်ပါ။ ရေသောက်တာက ကိုယ်ဝန်ဆောင် မေမေကို ရေဓာတ် ပြည့်စေသလို တံထွေးထွက်တာကိုလည်း သက်သာစေမှာပါ။

• မြေပဲလှော် ဒါမှမဟုတ် သီဟိုဠ်စေ့လှော် စားပေးပါ။

• သံပုရာသီး ရှူပေးပါ။

• ပူရှိန်း ပီကေ ဝါးပါ။

• ရေခဲ ငုံပါ။

• သွားကို ပူရှိန်း အရသာ ပြင်းတဲ့ သွားတိုက်ဆေးနဲ့ တိုက်ပါ။

• ကိုယ်ဝန်ဆောင် မေမေတို့အတွက် ထုတ်ထားတဲ့ ခံတွင်းသန့်ဆေး သုံးပါ။

• ညအိပ်တဲ့အခါ ခေါင်းအုံးပေါ်ကို တဘက်လေး ခင်းအိပ်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ တံထွေးတွေ အများကြီး ထွက်တာ ပုံမှန်ပဲလား!ကိုယ်ဝန်ဆောင်ချိန်မှာ တံထွေးတွေ အများကြီး ထွက်တာ ပုံမှန်ပဲလား!
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
45

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်