ကလေးလိုချင်တာပါ
အိမ်ထောင်ကျပြီးကတည်းက အမျိုးသားနဲ့ နေ့တိုင်းနီးပါးအတူနေဖြစ်ပါတယ် နို့လည်းတင်းပြီး ခနခနအန်လည်းအန်ချင်ပါတယ် ၁၅ ရက်ကျော်လို့ ဆီးစစ်တာလဲ ထူးခြားမှုမရှိပါဘူး ရာသီလဲမလာပါဘူး ဘာဖြစ်တာလဲဆရာရေ ကလေးလိုချင်ပါတယ် အိမ်ထောင်ကျတာ အရင်လ မတ် ၁၄ ရက်နေ့ပါ















ရာသီကနဂိုတည်းက မမှန်တာလား။ အသက်ဘယ်လောက်ရှိပြီလဲ။ အသက်ကြီးလာရင် သဘာဝအရကို ကလေးရဖို့ အချိန်ကြာတတ်ပါတယ်။
သားဥကြွေတဲ့ရက်နားမှာနေရင်တော့ ကလေးရနိုင်ခြေ ပိုများပါတယ်။
ဒီမှာတွက်ကြည့်ပါ။ https://hellosayarwon.com/health-tools/ovulation-calculator/
နောက်ပြီး စိတ်အေးအေးထားပါ။ စိတ်တအားဖိစီးနေရင်လည်း ကလေးရဖို့ ခက်တတ်ပါတယ်။
ကလေးယူဖို့ ကြိုးစားနေတာဆိုရင် ကိုယ်ဝန်ဆောင်အားဆေး စသောက်ထားပါ။
အမျိုးသားကို ဆေးလိပ်၊ အရက် ရှောင်ခိုင်းပါ။
အမျိုးသမီးမှာ ရောဂါအခံတွေ ရှိရင်၊ စွဲသောက်နေတဲ့ ဆေးတွေ ရှိရင် ဆရာဝန်ကိုပြန်ပြောပါ။
နှစ်ယောက်လုံး ဝနေရင် ဝိတ်ချပါ။
အာဟာရပြည့်အောင်စားပြီး ကျန်းမာအောင်နေပါ။
မကြာခင်မှာကလေးလေးရနိုင်ပါစေနော်။
hellosayarwon.com