ဘယ်ဘက်ဝမ်းဗိုက်အောင့်ခြင်းနှင့်ခါးကိုက်ခြင်း
ဒေါက်တာရှင့်
အိမ်ထောင်သည်အမျိုးသမီးတယောက်ပါ19/5/2023မှ25/5/2023ထိ ရာသီလာပါတယ်
အခုတလော ခါးတွေကိုက်တယ် တခါတလေ တင်ပါးနဲ့ပေါင်ကြားလဲ ကိုက်လာပါတယ်ရှင့် အမျိုးသားနဲ့ အတူမနေဖြစ်တာ ၁လကျော်ရှိပါတယ် ဘာကြောင့်ဆိုတာ ဖြေပေးစေချင်ပါတယ်ရှင့်















၁၉ရက်နေ့က ရာသီလာထားတာဆိုတော့ ကိုယ်ဝန်မရှိဖို့ များပါတယ်။ ဒီတလောမှာ အလေးအပင်ခဏခဏမတာ၊ အထိုင်များတာ၊ မတ်တပ်ရပ်တာများတာများ ရှိပါသလား။ ဒါဆိုရင်လည်း ခါးကိုက်တာ ဖြစ်တတ်ပါတယ်။
ဆီးသွားတာရော ပုံမှန်ပဲလား။ ရာသီလာတုန်းကရောပုံမှန်ထက် ကိုက်တာခဲတာ ရှိပါသလား။