မေမေတို့ မွေးရလွယ်ကူအောင်လိုက်နာသင့်တဲ့ အချက်တွေက ဘာတွေလဲ
ဗိုက်ထဲမှာ ဘေဘီလေး ရှိတဲ့ မေမေတိုင်းရဲ့ ပထမဆန္ဒက ကျန်းမာတဲ့ ကလေးလေး မွေးဖွားဖို့ ဖြစ်ပြီး နောက်တစ်ခုကတော့ လွယ်ကူစွာ ဖွားမြင်နိုင်ဖို့ ဖြစ်ပါမယ်။ ဘေဘီလေးကို မွေးဖွားရမယ့်ရက် နီးလာလေလေ ကလေးကို အဆင်ပြေပြေမှ မီးဖွားနိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်က တော်တော်လေးများလာလေလေပါ။ ဒီလိုစိုးရိမ်စိတ်တွေလျော့ကျသွားအောင် ကလေးမွေးဖွားရလွယ်ကူစေဖို့ လိုက်နာသင့်တာ အချို့ က ဘာတွေဖြစ်မလဲဆိုတာကို ဒီဆောင်းပါးလေးမှာ အတူတူ ကြည့်လိုက်ရအောင်နော်။