🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ပတ် ၃၀ပတ် အတွက် မေမေတို့အတွက် သိကောင်းစရာများ

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်

30 ပတ် မှာတော့ ဂေါ်ဖီထုပ်အရွယ်လောက် ၁.၃ ကီလို ၄၀ စင်တီမီတာ ရှိနေပြီနော်။ ကလေးလေးက အဆီလွှာတွေ ပိုများလာပြီး အရေပြားတွန့်တာ နည်းသွားပါတယ်။ ဒီအဆီတွေက သူတို့လေးတွေကို နွေးထွေးစေပါတယ်။ ကလေးလေးက မေမေတွေ အသက်ရှူတာကို လိုက်ပြီး ရင်ဘတ်နဲ့ ဗိုက်ကိုကန့်ထားတဲ့ အကန့် လှုပ်သလိုမျိုး လိုက်လုပ်ပါတယ်။ တစ်ချိန်ထဲမှာ သူလေးကြို့ထိုးတာကို သားအိမ်ကျုံ့တာနဲ့ စည်းချက်မှန်မှန် ခံစားရမှာပါ။


ခန္ဓာကိုယ်နဲ့ အနေအထိုင်အပြောင်းအလဲလေးများ

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်တွေ အကျွတ်မြန်လာပြီး ပိုပါးသွားတတ်ပါတယ်။ ဒီရက်ပိုင်းတွေမှာ အထူးသဖြင့် အိပ်ရေးပျက်ရင် ပိုပင်ပန်းလာတတ်ပါတယ်။ ခန္ဓာကိုယ်လေးလံနေတာကြောင့် ပိုပြီးတော့ ကိုးယိုးကားယား ဖြစ်လာမှာပါ။ ပိုပြီးတော့ လေးလာမှာလည်း ဖြစ်သလို ဗိုက်မှာ အလေးပိုများလာလို့ ဗဟိုချက်ကိုပြောင်းပြီး ခါးကော့လန်နေမှာပါ။


ဟော်မုန်းအပြောင်းအလဲကြောင့် အရွတ်တွေ ပြေလျော့လာတဲ့အတွက် အဆစ်တွေမခိုင်တော့ ဟန်ချက်ထိန်းရပိုခက်လာပါတယ်။ ဒီအရွတ်တွေ ပြေလျော့တာက ခြေထောက်ကို ကားစေတဲ့အတွက် သက်သောင့်သက်သာရှိအောင် ဖိနပ်ဆိုဒ်အသစ် ပြောင်းစီးတာပိုကောင်းပါတယ်။


30 ပတ် မြောက်မှာ သိသင့်သိထိုက်တာလေးတွေ

စိတ်ခံစားချက်အပြောင်းအလဲကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များပါတယ်။ မသက်မသာဖြစ်စေတဲ့ လက္ခဏာတွေ၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်က ဘယ်ကြည်တော့မလဲလေနော်။

ကိုယ်ဝန်ဆောင်ပတ် ၃၀ပတ် အတွက် မေမေတို့အတွက် သိကောင်းစရာများကိုယ်ဝန်ဆောင်ပတ် ၃၀ပတ် အတွက် မေမေတို့အတွက် သိကောင်းစရာများ
နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
83

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်