ကိုယ်၀န်ရနိုင်မရနိုင်
ကျွန်တော်ကောင်မလေးနဲ့အကာကွယ်မပါပဲလိင်ဆက်ဆံမိလိုက်ပါတယ် အပြင်မှာပီးလိုက်တာပါ
သူကရာသီမှန်တဲ့သူပါ ဖစ်ချင်တော့အဲ့နေ့ကမမျိုးဥမကြွေတဲ့နေ့ပါ လွတ်တယ်ဗျဆက်ဆံပီးမကြာဘူးအရေးပေါ်တားဆေး သောက်လိုက်ပါတယ် ရက်ရှောင်တဲ့နည်းကောဆို ကိုယ်၀န်ရနိုင်လားဗျ















အရေးပေါ်တားဆေးသောက်လိုက်တယ်ဆိုရင် ပြဿနာ မရှိပါဘူး။ တစ်ခုပြောပြချင်တာက
မျိုးဥကြွေတဲ့ရက်နဲ့ တည့်တည့်တိုးမှ ကိုယ်ဝန်ရနိုင်တာ မဟုတ်ပါဘူး။ မျိုးဥမကြွေခင်
၄-၅ရက်လောက်မှာ ကြိုပြီး နေထားရင်လည်း ရနိုင်ပါတယ်။ သုက်ကောင်က မိန်းမကိုယ်ထဲမှာ ၅ရက်လောက်
နေနိုင်လို့ပါ။