ကိုယ်ဝန်ရှိစဥ် လိင်ဆက်ဆံလို့ရနိူင်မရနိူင်
ကိုယ်ဝန်ရှိစဥ် လိင်ဆက်ဆံမှုမှာ အကာအကွယ်မပါပဲ ၅လအထိနေလို့ရပြီး ကျန်လရင့်လာလျှင် မဆက်ဆံသင့်ကြောင်း ပြောကြပါတယ်.ကလေးမှာ အဖြူအဖပ်တေပါလာတက်လို့ ဆရာဝန်တေငေါက်တာခံရတယ်တဲ့.တကယ်ပဲ အာ့လိုဖြစ်တက်ပါသလား.သိချင်လို့ပါ

မှတ်ချက် 1ခု
နောက်ဆုံး
အဖွဲ့ဝင်အသစ်များအတွက်
အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

ခုကစပြီး သင်ပို့စ်တင်တာ၊ မှတ်ချက်ပေးတာတွေ လုပ်နိုင်ပါပြီ။
ဆရာဝန်များ၊ ကျွမ်းကျင်ပညာရှင်များနဲ့ အဖွဲ့အစည်း ကိုယ်စားလှယ်တွေဆီကနေ အကြံဉာဏ်များ ရယူနိုင်ပါပြီ။
သင့်အကြံပြုချက်လိုနိုင်တဲ့ သူတွေအတွက် အတွေ့အကြုံများကို မျှဝေပေးပါ။
အဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွပါဝင်ပြီး ပွိုင့်တွေစုခြင်းအားဖြင့် အဖွဲ့အစည်း ကိုယ်စားလှယ်ဖြစ်နိုင်ပါပြီ။
အဲ့တာတွေ မဟုတ်ပါဘူး။
ကလေးမှာ အဖြူဖတ်တွေ ပါတာက vernix caseosaလို့ ခေါ်ပါတယ်။ ကလေးရဲ့ အရေပြားအတွက် သဘာဝအကာအကွယ်ပါ။ ကလေးတိုင်းမှာ ပါပါတယ်။ အတူနေတာနဲ့ မဆိုင်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ အတူနေလို့ ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင် သက်သောင့်သက်သာဖြစ်တဲ့ပုံစံမှာ နေလို့ရပါတယ်။
တကယ်လို့ အချင်းက ရှေ့ရောက်နေတာတို့၊ ပုံမှန်မဟုတ်တဲ့ သွေးဆင်းနေတာတို့၊ လမစေ့ဘဲ မွေးနိုင်ခြေ ရှိတာတို့၊ ဆရာဝန်က မိခင်ရဲ့ ကျန်းမာရေးကြောင့် မနေခိုင်းတို့ဆိုရင်တော့ မနေရပါဘူး။